This content got low rating by people.

Moto Z3 Play

Words
163
Reading
1 min
Listen
Play
8y

Moto Z3 Play ကို Motorola ကြေညာ ”

Moto Z တတိယမျိုးဆက်ရဲ့ ပထမဆုံးဖုန်းကို တရားဝင် ကြေညာလာပြီ ဖြစ်ပါတယ်။ Moto Z3 Play ဖြစ်ပါတယ်။ Moto Z3 Play က အရွယ်အစားကြီးမားပြီး ဒီဇိုင်းပိုင်းဆန်းသစ်သလို ကျေနပ်စရာကောင်းတဲ့ စနစ်သစ်အချို့လည်း ပါဝင်နေပါတယ်။

  • Moto Z3 Play ဒီဇိုင်း

Motorola ဟာ Moto Mods များထုတ်လုပ်ရောင်းချနေတာကြောင့် Z3 Play ရဲ့ဒီဇိုင်းပိုင်းကို ကြီးကြီးမားမားအပြောင်းအလဲဖြစ်အောင် လုပ်လို့မရပါဘူး။ Motorola ဖုန်းပီပီဖုန်းအထူက 6.75 မီလီမီတာရှိပြီး ပါးလျအောင် လုပ်ဆောင်ထားဆဲဖြစ်ပါတယ်။ ဒါပေမယ့် Moto Z2 Play နှင့် တော်တော်လေး ကွဲပြားသွားတာတော့ အမှန်ပါပဲ။
အထူးသဖြင့် Moto Z3 Play မှာ 18:9 သုံးထားပါတယ်။ ဒါကလက်ရှိစမတ်ဖုန်းဈေးကွက်ရဲ့ Trend ဖြစ်ပါတယ်။ လက်ဗွေရာစနစ်ကို Sony Xperia ဖုန်းတွေလို ဘောင်မှာထည့်သွင်းထားပါတယ်။ လက်ဗွေရာစနစ်နေရာကို ညာခြမ်းအသံအတိုးအချဲ့ခလုတ်အောက်မှာ ထည့်သွင်းထားပါတယ်။

မျက်နှာပြင်မှာရောကျောဘက်မှာပါ 2.5D မှန်သုံးထားပါတယ်။ Motorola ရဲ့ အမှတ်အသားတစ်ခုဖြစ်တဲ့ ရေပက်ဖျန်းမှုဒဏ်ခံနိုင်အောင် လုပ်ဆောင်ထားတာတွေ့ရပါတယ်။

  • Moto Z3 Play Specs

Moto Z3 Play က မျက်နှာပြင် 6 လက်ရှိပြီး 18:9 Max Vision AMOLED Full HD ရုပ်ထွက်နှင့် ထောက်ပံ့ထားပါတယ်။
Snapdragon 636 နှင့်အထိုင်ချထားပါတယ်။ Motorola ဟာ ပြီးခဲ့တဲ့ Moto Z2 Play တုန်းက Snapdragon 626 နှင့် အထိုင်ချထားခဲ့တာ ဖြစ်ပါတယ်။ RAM4GB ပါဝင်ပြီး Storage 32GB နှင့် 64GB ဗားရှင်းတို့ကိုရွေးချယ်နိုင်ပါမယ်။

ကျောဘက်ကင်မရာနှစ်လုံး ပါဝင်လာပါတယ်။ 12MP f/1.7+5MP ဖြစ်ပါတယ်။ ရှေ့ကင်မရာက 8MP ဖြစ်ပါတယ်။ Portrait Mode အပါအ၀င် ကင်မရာအတွက် စနစ်များစွာထည့်သွင်းထားပါတယ်။

Moto Z3 Play ကင်မရာမှာထူးခြားလာတာကတော့ ပစ္စည်များကိုမှန်းဆနိုင်မှု၊ နေရာသိမြင်နိုင်မှု၊ ဘာသာပြန်ပေးနိုင်မှုတို့ ပြုလုပ်လာနိုင်တာ ဖြစ်ပါတယ်။ ဘက်ထရီ 3000 mAh ပါဝင်ပြီးTurboPower နှင့် အလျှင်အမြန်အားသွင်းနိုင်ပါမယ်။ ဒါ့အပြင် Motorola ဟာဘက်ထရီ 2000 mAh ပါဝင်တဲ့ Moto Power Pack ဘက်ထရီ Mod ကိုလည်းကြေညာလာပါတယ်။34788675_1740177332736752_5161277403787427840_n.jpg

Moto Z3 Play | Ecency