Meizu M8c

Words
129
Reading
1 min
8y
Listen to this post
~1 min

“18:9 Display ပါတဲ့ တန်ဖိုးနည်း Meizu M8c ကို ကြေညာ”

ယခင်နှစ်က ထုတ်လုပ်ရောင်းချခဲ့တဲ့ Meizu M5c ရဲ့ မျိုးဆက်သစ် M8c ကို တရားဝင် ကြေညာလိုက်ပါတယ်။ သူ့ကို ရုရှားမှာ အစောဆုံး ရောင်းချမှာ ဖြစ်ပါတယ်။ Meizu M8c ဟာ တန်ဖိုးနည်း စွမ်းရည်နိမ့် စမတ်ဖုန်း ဖြစ်ပါ တယ်။ ဒါပေမယ့် သူ့မှာ ခေတ်စားနေတဲ့ 18:9 Display တပ်ဆင်ထား ပါတယ်။

သူ့မှာ ၅.၄၅ လက်မ 1440x720p Display တပ်ဆင်ထားပါတယ်။ HD+ Resolution ဖြစ်ပါတယ်။ Qualcomm Snapdragon 425 Chipset မောင်းနှင်ထားပါတယ်။ 2GB RAM ထည့်သွင်းထားပြီး 16GB or 32GB Internal Storage များ ရွေးချယ်နိုင်ပါတယ်။ သူ့မှာ လက်ဗွေရာ အာရုံခံ ကိရိယာတော့ မထည့်ပေးထားပါဘူး။ ဒါပေမယ့် မျက်နှာဖြင့် စမတ်ဖုန်းကို Unlock ပြုလုပ်နိုင်တဲ့ Face Unlock စွမ်းရည် ပါပါတယ်။

Meizu M8c ရဲ့ အနောက်ဘက်မှာ 13 Megapixel f/2.2 Camera နဲ့ အရှေ့ဘက်မှာ 8 Megapixel f/2.0 Camera များ ထည့်သွင်းပေးထား ပါတယ်။ အနောက်ကင်မရာမှာ Phase Detection Autofocus , Panorama, Continuous Shooting , ArcSoft Algorithm စွမ်းရည်များ ပါပါတယ်။

ဘက်ထရီက 3070mAh ဖြစ်ပါတယ်။ သူ့ကို အနီ၊ ရွှေ၊ အပြာနဲ့ အနက်ရောင်များ ထုတ်လုပ်ပေးထားပါတယ်။ ယူရို ၁၄၀ ၀န်းကျင်ကျသင့်မှာ ဖြစ်ပြီး မြန်မာငွေ ၂၀၀,၀၀၀ စွန်းစွန်း ကျသင့်နိုင်ပါတယ်။ အခြား နိုင်ငံများ မှာ ရောင်းချမယ့် သတင်းကို မသိရသေးပါဘူး။33510660_857933337718737_4176222793274228736_n.jpg

Meizu M8c | Ecency