Ngwe Saung လွမ်းချင်း

Words
11
Reading
1 min
9y
Listen to this post
~1 min

image
ဧည့်​ကြို​ကောင်​တာ​ရောက်​​တော့ကျွန်​​တော့်​ညီနာမည်​​ပြောပြီးသူ့ဧည့်​သည်​များဖြစ်​​ကြောင်း​ပြောလိုက်​သည်​။သူကြို​ပြောထားပုံရသည်​။ချက်​ချင်းဖုန်းဆက်​လိုက်​ပြီးကျွန်​​တော်​တို့ကိုခဏ​စောင့်​ရန်​​ပြောသည်​။ကျွန်​​တော့်​ညီထွက်​လာပြီးအထုတ်​အပိုးများကိုအကြို့အပို့ကား​ပေါ်တင်​တာကျွန်​​တော်​တို့လည်းတက်​လိုက်​ပြီးဘယ်​​နေရာတွင်​ဘာရှိ​ကြောင်း​လက်​လံ​ပြသ​နေသည်​။နံနက်​၄နာရီခွဲသာရှိ​သော​ကြောင့်​ပြသာပြ​နေသည်​ကျွန်​​တော်​တို့ကဘာမှမ​တွေ့ရ​ပေ။မနက်​မိုးလင်းမှလိုက်​ကြည့်​ရန်​အကြံ​ပေးသည်​။ဟို​ကွေ့ဒီ​ကွေ့နှင့်​သွားပြီးသိပ်​မကြာမီကျွန်​​တော်​တို့အခန်းကို​ရောက်​လာခဲ့​လေသည်​။အထုတ်​အပို်းများအခန်းထဲသို့ထည့်​ပြီးသူမနက်​ဂျူတီပြီးမှလာခဲ့မည်​ဖြစ်​​ကြောင်း​ပြောကာပြန်​သွားသည်​။ကျွန်​​တော်​က​တော့တစ်​လမ်းလုံးအိပ်​လာဖြင့်​အိပ်​​ရေးဝ​နေပြီဖြစ်​​သော်​လည်းကျန်​​လေး​ယောက်​မှာအိပ်​ချင်​မူးတူးပုံစံဖြစ်​​နေကြသည်​။စော​သေးသည့်​အတွက်​တစ်​​ရေစ​လောက်​အိပ်​ပြီးမှ​ရေဆင်းကူးကြရန်​တိုင်​ပင်​ကြပြီးအိပ်​ကြ​လေသည်​။
image
နံနက်​စာမှာလည်းဒီ​နေ့အတွက်​မပါသဖြင့်​အပြင်​မှာသွားစားကြရမည်​ဖြစ်​သည်​။ကျွန်​​တော်​က​တော့ဝိုင်​ဖိုင်​လိုင်း​ကောင်းသဖြင့်​youtubeထဲဝင်​​မွှေ​နေ​တော့သည်​။တစ်​နာရီ​လောက်​သုံးပြီးကျွန်​​တော်​လည်းအိပ်​ချင်​လာသဖြင့်​အိပ်​ချလိုက်​​တော့သည်​။
image
မျက်​နှာတွင်​ပူလာသဖြင့်​လက်​ဖြင့်​စမ်းကြည့်​လိုက်သည်​။ဘာမှမရှိ​ပေ။မျက်​လုံးဖွင့်​ကြည့်​လိုက်​​တော့စူးခနဲဖြစ်​သွားသဖြင့်​ပြန်​မှိတ်​ထားလိုက်​ရသည်​။နေ​ရောင်​သည်​နေရာအနည်းငယ်​ဟ​နေ​သောပြတင်း​ပေါက်​မှ်​မျက်​နှာ​ပေါ်သို့ကျ​နေခြင်းဖြစ်​သည်​။နေ​တော်​​တော်​မြင့်​​နေပြီဖြစ်​သည်​။နာရီကြည့်​လိုက်​​တော့ကိုးနာရီထိုး​နေပြီဖြစ်​သည်​။ကျန်​တဲ့​လေး​ယောက်​​ကြည့်​လိုက်​​တော့်​အိပ်​​မောကျ​နေကြသည်​။ 
![image](​ရေဆင်းချိုးမည်​​ဆိုလျင်​ဒီထက်​​နောက်​ကျ့လိုမရ​ပေ။စောင်​​တွေအကုန်​ဆွဲချပြီးအကြမ်းနည်းဖြင့်​နိုးရ​တော့သည်​။ကိုယ့်​သူငယ်​ချင်းများအ​ကြောင်းကိုယ်​သာအသိဆုံးဖြစ်​သည်​။မထကြ​သေး​ပေ။နံနက်​စာဒီ​နေ့အတွက်​မပါတာကိုသူတို့မသိကြ​ပေ။နံနက်​စာသည်​မနက်​၁၀နာရီအထိသာဖြစ်​​ကြောင်း​နောက်​ကျရင်​ကိုယ့်​စားရိတ်​နှင့်​ကိုယ်​စားရမည်​ဖြစ်​​ကြောင်း​ပြော​တော့မှသာအလူးအလဲထကြပြီး​ရေချိုးခန်းကိုလုကြ​တော့သည်​။ကျွန်​​တော်​က​တော့​ရေဆင်းချိုးမည်​ဖြစ်​​သော​ကြောင့်​မျက်​နှာသာသစ်​ထားသည်​။အသီးသီး​မျက်​နှာသစ်​အ၀တ်​အစားလဲပြီးနံနက်​စာ​ကျွေး​သောဘက်​သို့ထွက်​လာခဲ့ကြသည်​။အနား​ရောက်​ခါနီးမှဒီ​နေ့အတွက်​မပါ​ကြောင်းမနက်​ဖြန်​မှစားရမည်​ဖြစ်​​ကြောင်း​ပေါ့လိုက်​​သောအခါကျွန်​​တော့်​ကိုဝိုင်းပြီး​မေတ္တာပို့ကြ​လေ​တော့သည်​။ရေဆင်းချိုးပြီးမှသွားစားရန်​တိုင်​ပင်​ကြပြီးပင်​လယ်​ကမ်း​ခြေဖက်​သို့ထွက်​လာခဲ့​လေသည်​။
image
ပင်​လယ်​နှင့်​​ဝေး​နေသည်​မှာအ​တော်​ကြာပြီဖြစ်​​သော​ကြောင့်​​စိတ်​လှုပ်​ရှား​နေမိသည်​။ဖြူ​ဖွေး​နေ​သောသဲ​သောင်​ပြင်​သို့တစ်​၀ုန်းဝုန်းနှင့်​ရိုက်​ခတ်​​နေ​သော​ရေလှိုင်းများနှင့်​မိုးကုတ်​စက်​၀ိုင်းအထိရှိ​နေ​သော​ရေပြင်​ကြီးကို​ဘွားကနဲ့​တွေ့လိုက်​ရ​သောအခါကျွန်​​တော်​တို့အကုန်​လုံးအပြုံးကိုယ်​စီနှင့်​ပီတီဖြစ်​​နေကြသည်​။ကျွန်​​တော်​တို့သည်​ဟိုတယ်​​ရှေ့မျက်​နှာစာမှထွက်​လာခြင်းမဟုတ်​ဘဲရွက်​​လှေသမားများ​လေ့ကျင့်​​သောဖက်​မှထွက်​လာခြင်းဖြစ်​သည်​။ရေကူးကန်​သည်​ဟိုတယ်​​ရှေ့မျက်​နှာစာမှာရှိသည်​။ကျွန်​​တော််​တို့ထွက်​လာသည့်​ဖက်​တွင်​မီးပြတိုက်​ပုံစံတူပြုလုပ်​ထားတာရှိသည်​။(ဆက်​ရန်​.)
naylinn@naylinn
MSC 196
Steemit မှမိတ်​​ဆွေအ​ပေါင်းချမ်းသာကိုယ်​စိတ်​မြဲပါ​စေ

Ngwe Saung လွမ်းချင်း | Ecency