HBD ကနေ hive အဖြင့် ပြောင်းလဲထားသင့်

Words
84
Reading
1 min
Listen
Play
5y

ကျွန်တော်တို့ နေ့စဉ် စာရေးခြင်းကြောင့် ရလာတဲ့ ထဲမှာ hive မပေးတာကြာပါပြီ။ သူပေးတာ HBD နဲ့ hive power ပဲပေးပါတယ်။ ယခုလိုအချိန်မျိုး hive ဈေးကျနေချိန် ကျွန်တော်တို့ ပါးနပ်ဖို့လိုပါတယ်။ ဒါကြောင့် မိမိတို့ပိုင်ဆိုင်ထားသော HBD တွေကို hive အဖြင့် ပြောင်းလဲထားသင့်ပါတယ်။ ဘာလို့လဲဆိုရင် HBD က တစ်ဒေါ်လာနဲ့ ညီမျှတယ်လို့ ထုတ်လုပ်ထားတယ်။ hive ကတော့ အဈေးအတက်အကျ ရှိတယ် အခုလို hive ဈေးကျချိန် ပြောင်းလဲလိုက်လျှင် hive ပမာဏ ပိုရလာမယ် ဈေးတက်လျှင် အမြတ်ထွက်လာလို့ပါ။ ကျွန်တော်လည်း တစ်ချိန်က steem တွေကို hive အဖြင့် ပြောင်းထားခဲ့ဖူးတယ်။ အဲအချိန်က hive ဈေး 1 hive = 0.24 $ လောက်နဲ့ပါ ကျွန်တော်ထုတ်ရောင်းလိုက်တဲ့အချိန်က 1 hive = 2.8 $ နဲ့ 1 hive = 3 $ တွေနဲ့ရောင်းလိုက်တော့ အမြတ်အစွန်းများပြီး မိန်းမအတွက် ပတ္တမြားနဲ့ နီလာ တစ်စင်စာ ဝယ်ပေးလိုက်နိုင်ခဲ့တယ်။ ကျွန်တော်ကတော့ အကြံပေးယုံပါ လုပ်တာမလုပ်တာတော့ ကိုယ်ပိုင်ဆုံးဖြတ်ကြပါလို့ ပြောကြားလိုပါတယ်။

HBD ကနေ hive အဖြင့် ပြောင်းလဲထားသင့် | Ecency