Final year Exam result

Words
92
Reading
1 min
Listen
Play
8y

image
မျှော်လင့်နေတဲ့ နောက်ဆုံးနှစ် အောင်စာရင်းတော့ ထွက်လာခဲ့ပြီ ပျော်ရွှင်ခြင်းတွေပါသလို ဝမ်းနည်းခြင်းတွေလည်း ရောထွေးလျက်ပေါ့။ အောင်သွားတဲ့ သူငယ်ချင်းတွေအတွက် ထပ်တူထပ်မျှ ဂုဏ်ယူမိသလို ရှုံးနိမ့်သွားတဲ့ သူငယ်ချင်းတွေအတွက်လည်း ထပ်တူခံစားမိပါတယ်။ ကိုယ်တိုင်လည်း စာရင်းထဲမပါလာသူမို့  ရင်ဘတ်ချင်းဖောက်ထွင်းကြည့်လို့  မြင်နေရပါတယ်။
စာမေးပွဲဆိုတာ ကံ ညာဏ် ဝီရိယ သုံးခုတိုက်ဆိုင်မှ အောင်မြင်တယ်လို့ ထင်တယ်။ အကြောင်းအမျိုးမျိုးကြောင့် ဒီလိုရှုံးနိမ့်မှုတွေ ကြုံတွေ့တတ်ပါတယ် ။အဓိကပြောချင်မိတာက ကိုယ်တိုင်အရှုံးမပေးမိဖို့ ပါ။ စာမေးပွဲက ဘဝတစ်ခုမဟုတ်ပါဘူး လတ်မှတ်တစ်ခုမျှသာပါ။ ဒီလက်မှတ်ရှိမှ လူရာဝင်သွားသလိုတော့ မခံစားစေချင်ပါဘူး။ အကောင်းဘက်ကတွေးရင် ပျော်စရာကောင်းတဲ့ ကျောင်းသားကျောင်းသူဘဝကို နောက်တစ်နှစ် ထပ်နေခွင့်ရလို့  ကံကောင်းတယ်လို့ တောင် ပြောလို့ ရပါသေးတယ်။ ဒါပေမဲ့ အရင်လိုတော့ တို့ သူငယ်ချင်းတွေ သိပ်မကဲကြတော့ဘူးပေါ့ဟာ။ အချိန်အနည်းငယ်လောက် စာအတူတူပြန်လုပ်ကြတာပေါ့ ။ဘွဲ့ရပညာတတ်တွေ လုပ်ငန်းတာဝန်တွေ ဖိစီးနေတဲ့အချိန် တို့ က ကျောင်းတော်ကြီးမှာ ကလေးတွေလိုပဲ ပြန်ဆော့ကြရမှာ ငါတော့ တွေးပြီး ပျော်တောင်ပျော်နေသေးတယ် ။ဒါကြောင့် ငါ့ချစ်ချစ်တွေ စိတ်မညစ်နဲ့ စိတ်ဓာတ်မကျနဲ့။ အောင်သွားတဲ့ မမတွေခေါ်ပြီး ငါ့တို့ ကို ဂုဏ်ပြန်ပြုခိုင်းကြမယ် ။တစ်နှစ်ဆိုတဲ့ အချိန်က မနည်းပါဘူး။ ဒါပေမဲ့ ပျော်ရွှင်စရာ ကျောင်းသူဘဝကို တစ်နှစ်ပြန်နေခွင့်ရတာ ဘယ်လောက်ဝမ်းသာစရာကောင်းလဲ။ ဖိုက်တင်း ချစ်သူငယ်ချင်းရေ ။
( စာရင်းထဲမပါလာသောချစ်ချစ်ကဲ အားမွေးထားကြ အပြတ်ကဲကြမယ်ဟေ့ )

Final year Exam result | Ecency