ဖန္ႁပြန္သေႏၶ

Words
173
Reading
1 min
Listen
Play
9y

ယေန႔ေခတ္ကာလမွာ လူေနမႈပံုစံေတြ ေျပာင္းလဲလာတာနဲ႔အမ်ွ ကေလးမရသူေတြ ပိုမိုမ်ားျပားလို႔ လာပါတယ္။ပညာရွင္ေတြအဆိုအရ ကေလးမရႏိုင္တဲ့ ဇနီးခင္ပြန္း 6 တြဲမွာ 1 တြဲႏႈန္းနဲ႔ ရွိေနတယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ ကေလး ေမြးစားတဲ့နည္းလမ္းေတြ၊ ဖန္ႁပြန္သေႏၶ နည္းလမ္းေတြကို ႀကိဳးစားလာၾကာပါတယ္။ ဖန္ႁပြန္သေႏၶ တည္နည္းလမ္းဟာ ေငြကုန္ လူပန္း ျဖစ္ေစႏိုင္တာေၾကာင့္ မလုပ္ခင္မွာ ေသခ်ာဂ႐ုစိုက္ ေလ့လာဖို႔ လိုအပ္ပါတယ္။

  1. လုပ္နည္းကိုင္နည္းကို ေလ့လာပါ။ ဖန္ႁပြန္သေႏၶ တည္ျခင္းကို မျပဳလုပ္မီ ျပဳလုပ္မႈပံုစံ အဆင့္ဆင့္ကို ႀကိဳတင္ေလ့လာထားမွသာ ေနာက္ဆက္တြဲ ျဖစ္လာတတ္တဲ့ စိတ္နဲ႔ကိုယ္ခႏၶာ အေျပာင္းအလဲေတြကို ေသခ်ာသိႏိုင္မွာ ျဖစ္ပါတယ္။ ေဆးခန္း တစ္ခုနဲ႔တစ္ခုမွာ ေအာင္ျမင္ႏိုင္စြမ္း ႏႈန္းထားေတြ မတူတတ္တာေၾကာင့္ ကေလးရႏိုင္ေျခ ဘယ္ေလာက္ရွိတယ္ဆိုတာကို ႀကိဳတင္ေမးျမန္းထားသင့္ပါတယ္။ ကုန္က်စရိတ္ေတြကိုလည္း တတ္ႏိုင္မႏိုင္ ခ်င့္ခ်ိန္ႏိုင္ေအာင္ ႀကိဳတင္စံုစမ္းထားသင့္ပါတယ္။

  2. က်န္းမာေနဖို႔ အေရးႀကီးပါတယ္။ က်န္းမာေရးနဲ႔ ညီၫြတ္စြာ စားသံုးေပးၿပီး ေလ့က်င့္ခန္း ပံုမွန္ျပဳလုပ္ေပးျခင္းျဖင့္ စိတ္ေရာကိုယ္ပါ က်န္းမာေနမွသာ သေႏၶကို ေအာင္ျမင္စြာ တည္ႏိုင္စြမ္းရွိမွာ ျဖစ္ပါတယ္။ တစ္ပတ္မွာ အရက္ကို 4 ယူနစ္ထက္ ပိုေသာက္ေနသူေတြ၊ ေဆးလိပ္ေသာက္သူေတြမွာ ကိုယ္ဝန္တည္ႏိုင္ေျခ 60 ရာခိုင္ႏႈန္းေလာက္အထိ ေလ်ာ့က်သြားတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ အလြန္အမင္း အဝလြန္ေနသူေတြမွာလည္း ေအာင္ျမင္စြာ သေႏၶတည္ႏိုင္ဖို႔အတြက္ ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်ဖို႔ လိုအပ္ပါတယ္။uniယနေ့ခေတ်ကာလမှာ လူနေမှုပုံစံတွေ ပြောင်းလဲလာတာနဲ့အမျှ ကလေးမရသူတွေ ပိုမိုများပြားလို့ လာပါတယ်။ပညာရှင်တွေအဆိုအရ ကလေးမရနိုင်တဲ့ ဇနီးခင်ပွန်း 6 တွဲမှာ 1 တွဲနှုန်းနဲ့ ရှိနေတယ်လို့ သိရပါတယ်။ ဒါကြောင့် ကလေး မွေးစားတဲ့နည်းလမ်းတွေ၊ ဖန်ပြွန်သန္ဓေ နည်းလမ်းတွေကို ကြိုးစားလာကြာပါတယ်။ ဖန်ပြွန်သန္ဓေ တည်နည်းလမ်းဟာ ငွေကုန် လူပန်း ဖြစ်စေနိုင်တာကြောင့် မလုပ်ခင်မှာ သေချာဂရုစိုက် လေ့လာဖို့ လိုအပ်ပါတယ်။

  3. လုပ်နည်းကိုင်နည်းကို လေ့လာပါ။ ဖန်ပြွန်သန္ဓေ တည်ခြင်းကို မပြုလုပ်မီ ပြုလုပ်မှုပုံစံ အဆင့်ဆင့်ကို ကြိုတင်လေ့လာထားမှသာ နောက်ဆက်တွဲ ဖြစ်လာတတ်တဲ့ စိတ်နဲ့ကိုယ်ခန္ဓာ အပြောင်းအလဲတွေကို သေချာသိနိုင်မှာ ဖြစ်ပါတယ်။ ဆေးခန်း တစ်ခုနဲ့တစ်ခုမှာ အောင်မြင်နိုင်စွမ်း နှုန်းထားတွေ မတူတတ်တာကြောင့် ကလေးရနိုင်ခြေ ဘယ်လောက်ရှိတယ်ဆိုတာကို ကြိုတင်မေးမြန်းထားသင့်ပါတယ်။ ကုန်ကျစရိတ်တွေကိုလည်း တတ်နိုင်မနိုင် ချင့်ချိန်နိုင်အောင် ကြိုတင်စုံစမ်းထားသင့်ပါတယ်။
    image

  4. ကျန်းမာနေဖို့ အရေးကြီးပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသုံးပေးပြီး လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် စိတ်ရောကိုယ်ပါ ကျန်းမာနေမှသာ သန္ဓေကို အောင်မြင်စွာ တည်နိုင်စွမ်းရှိမှာ ဖြစ်ပါတယ်။ တစ်ပတ်မှာ အရက်ကို 4 ယူနစ်ထက် ပိုသောက်နေသူတွေ၊ ဆေးလိပ်သောက်သူတွေမှာ ကိုယ်ဝန်တည်နိုင်ခြေ 60 ရာခိုင်နှုန်းလောက်အထိ လျော့ကျသွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် အလွန်အမင်း အဝလွန်နေသူတွေမှာလည်း အောင်မြင်စွာ သန္ဓေတည်နိုင်ဖို့အတွက် ကိုယ်အလေးချိန် လျှော့ချဖို့ လိုအပ်ပါတယ်။

ဖန္ႁပြန္သေႏၶ | Ecency