စစ်ပွဲတေ

Words
58
Reading
1 min
Listen
Play
8y

ဒီတစ်ပတ်ရဲ့ Military Equipment ကဏ္ဍမှာတော့ ရေတပ်အဖွဲ့တွေ အများဆုံးအသုံးပြုလေ့ရှိတဲ့ ဆေးရုံသင်္ဘော (hospital ship) အကြောင်း တင်ပြချင်ပါတယ်။
image
ဆေးရုံသင်္ဘောဆိုတာ ဆေးကုသရေးပစ္စည်းတွေ၊ ကိရိယာတွေကို ဆေးရုံသဖွယ်ပြင်ဆင်ထားတဲ့ သင်္ဘောဖြစ်ပါတယ်။ ဒီသင်္ဘောတွေကို စစ်တပ်တွေက ပိုင်ဆိုင်လေ့ရှိပြီး အများအားဖြင့် ရေတပ်က ပိုင်ဆိုင်လေ့ရှိတယ်။ ဒီသင်္ဘောတွေကို ထားရှိရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ တိုက်ပွဲဖြစ်ပွာနေတဲ့နေရာအနီးအနားမှာ အသင့်စောင့်နေပြီး ထိခိုက်မှုတွေကို ဆေးပညာနဲ့ ထောက်ပံ့မှုပေးဖို့ ဖြစ်ပါတယ်။ ၁၉ ရာစုအတွင်းမှာတော့ များပြားလှတဲ့ စစ်သင်္ဘောတွေဟာ ရေလုပ်သားတွေအတွက် ထောက်ပံ့မှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။ ဆေးရုံသင်္ဘောတွေဟာ ရှေးယခင်အချိန်တွေထဲက တည်ရှိခဲ့တာဖြစ်ပါတယ်။
ရှေးခေတ်ဦး Athenian ရေတပ်က သင်္ဘော Therapia နဲ့ Roaman ရေတပ်ရဲ့ သင်္ဘော Aesculapius တို့ဟာ ဆေးရုံသင်္ဘောတွေဖြစ်ကြတယ်လို့ ဆိုပါတယ်။ အစောပိုင်းကာလဗြိတိန်တွေအသုံးပြုခဲ့တဲ့ ဆေးရုံသင်္ဘောအမည်ကတော့ Goodwill ဖြစ်ပါတယ်။

စစ်ပွဲတေ | Ecency