အရေးပါနေဆဲ ဆိုင်ကယ်အစုတ်များ

Words
142
Reading
1 min
Listen
Play
9y

ဒီအပတ်ဟိုအပတ်ပတ်ချင်တာပတ်ဒီတစ်ပတ်ရဲ့ Military Equipment ကဏ္ဍမှာတော့ ဆက်သွယ်ရေးဂြိုလ်တုအကြောင်း တင်ပြပေးပါမယ်။
image
ဆက်သွယ်ရေးဂြိုလ်တုတွေဟာ လူကဖန်တီးပြုလုပ်ထားတဲ့ ဂြိုလ်တုတွေဖြစ်ပြီး ရေဒီယိုနဲ့ တယ်လီကွန်မြူနီကေးရှင်း ဆစ်ဂနယ်တွေကို ထုတ်လွှတ်ပေးတဲ့ အရာဖြစ်ပါတယ်။ ဂြိုလ်တုမှာရှိတဲ့ ထရန်စပေါ်တာတွေကနေ တစ်ဆင့် ထုတ်လွှတ်ပေးတာဖြစ်ပြီး ကမ္ဘာပေါ်မှာရှိတဲ့ ကွဲပြားတဲ့ဒေသတွေထံကို ပေးပို့တာဖြစ်ပါတယ်။ transmitter နဲ့ receiver အကြား ဆက်သွယ်ရေးချန်နယ်တွေကို ဖန်တီးပေးပါတယ်။ ဆက်သွယ်ရေးဂြိုလ်တုတွေကို တီလီဗေးရှင်း၊ တယ်လီဖုန်း၊ ရေဒီယို၊ အင်တာနက်၊ စစ်ရေးနဲ့ဆိုင်ရာ အက်ပလီကေးရှင်းတွေအတွက် အသုံးပြုကြလေ့ရှိပါတယ်။
ကမ္ဘာ့ဂြိုလ်ပတ်လမ်းမှာရှိတဲ့ ဆက်သွယ်ရေးဂြိုလ်တု ၂ဝဝဝ ကျော်ရှိပြီး ပုဂ္ဂလိကနဲ့ အစိုးရအဖွဲ့အစည်းတွေက အသုံးပြုနေကြတဲ့ ဂြိုလ်တုတွေဖြစ်ပါတယ်။ ကြိုးမဲ့ဆက်သွယ်ရေးတစ်ခုဖြစ်တဲ့ ဝါယာလက်ဆက်သွယ်ရေးတွေကို အသုံးပြုခဲ့ကြပေမယ့် ၀ါယာလက်စနစ်မှာ အားနည်းချက်တွေရှိပါတယ်။ ၀ါယာလက်စနစ်ဟာ လျှပ်စစ်သံလိုက်လှိုင်းတွေကို ဆစ်ဂနယ်အဖြစ် သယ်ဆောင်ပေးကြတာဖြစ်ပါတယ်။
လှိုင်းတွေ သွားလာရာတစ်လျှောက်ဟာ ဖြောင့်တန်းနေဖို့ လိုအပ်ပြီး ကမ္ဘာရဲ့ မညီညာတဲ့မျက်နှာပြင်တွေ၊ အတားအဆီးတွေကြောင့် အဟန့်အတားဖြစ်စေတယ်လို့ သိရပါတယ်။ ဂြိုလ်တုဆက်သွယ်ရေးကတော့ အတားအဆီးတွေကို ဖောက်ထွင်းဝင်ရောက်နိုင်ပြီး ဧရိယာကျယ်ကျယ်ကိုလည်း ရောက်ရှိနိုင်ပါတယ်။ ဒါကြောင့် ဂြိုလ်တုဆက်သွယ်ရေးကို နေရာဒေသကျယ်ကျယ်ပြန့်ပြန့်ထုတ်လွှင့်လိုတဲ့ ရေဒီယိုထုတ်လွှင့်မှုတွေမှာလည်း အသုံးပြုကြလေ့ရှိပါတယ်။ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ထုတ်လွှင့်တဲ့အဖွဲ့အစည်းတွေအလိုက် ကြိမ်နှုန်းတွေကို သတ်မှတ်ထားကြပြီး ထုတ်လွှင့်သူတွေ၊ အသုံးပြုသူတွေကလည်း ဒီကြိမ်နှုန်းတွေအလိုက် ဖမ်းယူကြရတာဖြစ်ပါတယ်။ ကမ္ဘာ့ပထမဆုံးဂြိုလ်တုကတော့ Sputnik 1 ဖြစ်ပါတယ်။ ဒီဂြိုလ်တုကို ၁၉၅၇ ခုနှစ် အောက်တိုဘာလမှာ ဆိုဗီယက်ပြည်ထောင်စုက လွှတ်တင်ခဲ့တာဖြစ်ပါတယ်။ ဒီဂြိုလ်တုဟာ ရေဒီလိုလှိုင်းထုတ်လွှင့်မှုကို ကြိမ်နှုန်း ၂ ခုနဲ့ လုပ်ဆောင်ပေးနိုင်ပြီး 20.005 MHz နဲ့ 40.002 MHz တို့ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ Sputnik 1 ထက်ပိုသက်ရောက်မှုများတဲ့ Echo 1 စမ်းသပ်မှုကို လုပ်ဆောင်ခဲ့ပြီး ဒီစမ်းသပ်မှုဟာ ကမ္ဘာတစ်ဝန်းဂြိုလ်တု ကြိမ်နှုန်းတွေ ရောက်ရှိစေဖို့ အစပျိုးမှု တစ်ခုဖြစ်ခဲ့ပါတယ်။
အမျိုးသားလေကြောင်းနဲ့အာကာသဆိုင်ရာစီမံရေးအဖွဲ့အစည်း (NASA) က စမ်းသပ်ခဲ့တာဖြစ်ပြီး ၃၀ မီတာရှိတဲ့ ဘောလုံးပုံစံတစ်ခုဖြစ်ပြီး ရေဒီယိုဆက်သွယ်ရေးတွေအတွက် အထောက်အကူပြုပေးနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ နည်းပညာထွန်းကားတဲ့ အမေရိကန်၊ ဗြိတိန်၊ တရုတ်စတဲ့ နိုင်ငံတွေကလည်း ဂြိုလ်တုဆက်သွယ်ရေးတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြပါတယ်။ ဂြိုလ်တုဆက်သွယ်ရေးဟာ ဒီကနေ့ ခေတ်ကာလမှာ လူသားတွေအတွက် မရှိမဖြစ် နည်းပညာတစ်ခုဖြစ်လာခဲ့ပြီး စစ်ရေးဆိုင်ရာလုပ်ဆောင်မှုတွေမှာလည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြဆဲဖြစ်ပါတယ်။

အရေးပါနေဆဲ ဆိုင်ကယ်အစုတ်များ | Ecency