ခုတ်မောင်းခဲ့ပြီ

Words
42
Reading
1 min
Listen
Play
8y

အနာတရဖြစ်ဖူးတဲ့ ခြေလှမ်းတွေထဲအတိတ်ဒဏ်ရာတွေနဲ့ သုခကြမ်းပြင်ပေါ်မှာမှောက်လဲသွားခဲ့ မသေခြာတဲ့အနာဂတ်အတွက် ပစ္စုပ္ပန်မှာပျောက်ဆုံးသွားတဲ့ အဖြေကို ရှာဖွေနေဆဲပါ။အမှတ်တမဲ့ ချော်လဲသွားတဲ့
ဟန်ချက်တွေက သရုပ်ဆောင်တယောက်လိုဟန်ဆောင်ကောင်းခဲ့ပေမဲ့ ဝေဒနာဟာခြေလှမ်းတိုင်းမှာ နာကျင်နေဆဲပါ။စေခိုင်းရာကိုလည်း မောင်းနှင်ခဲ့ဖူးတယ်။ကြမ္မာကံမှောက်လို့ စေလိုရာမဟုတ်တဲ့အတိတ်တွေလည်း ခုတ်မောင်းခဲ့ဖူးတယ်။မနေသာလို ဝေဒနာ ဟိုအဝေးမှာထင်ကျန်ကာ နေရစ်ခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်ကိုလည်း ရိုက်ခဲ့ဖူးတယ်။အတိတ်တိုင်း ဇာတ်လမ်းတိုင်းမှာမင်းက မင်းသ္မီး ငါက မင်းသားအဖြစ်နဲ့ဇာတ်စင်ပေါ်မှာ ခုတ်မောင်းရင်းအချစ်ဝိုင်းချိုရည် တစ်ခွက်ပေါ်မှာချိုမြိန်စွာ ယစ်မူးလို့ ပျော်ရွှင်ဖူးတယ်အခုတော့ ဇာတ်လမ်းလည်း ဆုံးခဲ့ပြီအတိတ်တွေလည်း ခါးသက်သက်နဲ့ပူပြင်းတဲ့ မီးတောက်တစ်ခုလိုသောက်သုံးရင်း ဝေဒနာတွေနဲ့ဒဏ်ရာရထားကြီးတစ်စင်းပေါ်မှာ ခုတ်မောင်းခဲ့ပြီ။
author: nangthiri@nangthiri
photo:credit google images

ခုတ်မောင်းခဲ့ပြီ | Ecency