Trading နဲ့ Hope

Words
118
Reading
1 min
Listen
Play
9y

"Although hope is a great virtue in other areas of life, it can be a real hindrance to a trader"

ကျွန်မတို့တခါတလေမှာ Trade နေစဉ်အတောအတွင်း
မျှော်လင့်ချက်ထားတာမျိုးရှိတတ်ပါတယ်
ကိုယ်ယူထားတဲ့ Position နဲ့ ဆန့်ကျင်ဘက် လားရာ
ပြောင်းနေတဲ့ အချိန်မှာတောင် အမြတ်ရဖို့ မျှော်လင့်ပြီး Close order မလုပ်ပဲလွှတ်ထားတာမျိုး ရှိတတ်တယ်
တခါတလေမှာဆိုရင် Price action ကို အများကြီး
ရွေ့သွားဖို့မျှော်လင့်မိပြီး TP/ SLကို အဝေးကြီးမှာ
သွားထားမိတာမျိုးဖြစ်ဖူးကြပါတယ်
Beginner တွေမှာဆိုရင် ပိုပြီးတွေ့ရတတ်ပါတယ်
Basic trading rules တွေကိုတောင်ချိုးဖောက်ပြီး
မိမိတို့ အားသန်ရာနှစ်သက်ရာ လားရာဘက်မှာပဲရှိမယ်
လို့တွေးထင်ကြပြီး မျှော်လင့်ချက်နဲ့
Trade ကြတာပေါ့နော်
အောင်မြင်တဲ့ Traderတွေဟာဆိုရင် အဲဒီလို
မျှော်လင့်ချက်တွေကို ဖယ်ရှားပြီး
ဈေးကွက်ရဲ့ လားရာအတိုင်း
လိုက်ပါစီးမျောပြီး Trade လုပ်ကြပါတယ်

ဈေးကွက်လားရာအတိုင်းလိုက်ပါစီးမျောပြီး Trade ဖို့
ဆိုတာကတော့ ပြောသလောက်မလွယ်ပါဘူး
တစ်နေ့တာအတွင်းအမြင့်ဆုံးဈေးတန်း နဲ့
အနိမ့်ဆုံးဈေးတန်းတို့ကို အမြဲသတိထားရပါမယ်
FA အရ Uptrend သွားမယ်ဆိုပါစို့
လက်ရှိရောက်နေတဲ့ ဈေးတန်းကတစ်နေ့တာအတွင်း
အမြင့်ဆုံးဈေးတန်းမှာလဲ ရှိနေမယ်
Resistance levelဝန်းကျင်ရှိနေမယ်
တနေ့တာလုံးအတက်အကျဈေးတန်း Range
ကျယ်နေမယ်ဆိုရင် မိမိတို့ထင်ထားသလောက်
အများကြီးတက်နိုင်မှာ မဟုတ်တော့တာကြောင့်
တက်မယ် ဆိုတဲ့ မျှော်လင့်ချက်ကြီးထားပြီး
အလောတကြီး Buy Positionယူဖို့ မသင့်ပါဘူး
ဒါကြောင့် အခြားသော အခြေနေကိစ္စတွေမှာ
မျှော်လင့်ချက်ထားတာ ကောင်းပေမယ့်လို့
Trader တစ်ယောက်အတွက်တော့
တကယ့်အဟန့်အတားကြီးဖြစ်စေပါတယ်လို့
Millionare Trader Interview မှာ
ပြောကြားထားခဲ့ပါတယ်

ကျန်းမာချမ်းသာပါစေရှင်
နန်းခမ်းသီရိဦး

Trading နဲ့ Hope | Ecency