I Cloud Passwordကို ဘယ်မှာ မှတ်ထားကြသလဲ?

Words
58
Reading
1 min
Listen
Play
3y


Iosကိုင်တဲ့သူတိုင်းမှာ iTunesအကောင့်တစ်ခုတော့ အနည်းဆုံး ရှိထားသင့်ပါတယ်၊
မရှိမဖြစ်လို့ပြောရင်တောင် မမှားပါဘူး
အဓိကပြောချင်တာကတော့ မတော်တဆဗျာ Ios Deviceဟာ
Lockကျသွားမယ်ဆိုရင်တော့ ကျနော်တို့အတွက် အလွယ်ဆုံးနည်းကတော့ iCloudအကောင့်နဲ့ ပြန်ဝင်တာပါပဲ
အဲလို Lockကျလို့ ဖုန်းဖွင့်မရဖြစ်နေတဲ့သူဟာ iCloud Passwordကို ဖုန်းထဲက Noteထဲမှာ ထည့်မှတ်ထားတာဆိုရင်တော့ သွားပါပြီ ဖုန်းဖွင့်ရမှ ကြည့်လို့ရမှာဆိုတော့ သူ့အနေနဲ့က ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူးဗျ
အဲကြောင့်မို့လို့ ကျနော်ကတော့ iCloud Passwordကို ဖုန်းထဲမှာ မှတ်ထားတာမျိုးကို မလုပ်ဖို့အတွက် အကြံပေးချင်ပါတယ်ဗျ၊
တစ်ချို့ကျတော့ ဆိုင်ကဖွင့်ပေးထားတော့ Voucherထဲမှာတော့
ဆိုင်ကရေးမှတ်ပေးလိုက်ပေမဲ့လည်း တကယ်တမ်းကျတော့
အဲဒိVoucherမရှိတဲ့အချိန်မှာ မမှတ်မိရင် အဆင်မပြေပါဘူး၊
စာအုပ်တစ်ခုခုထဲ ထည့်မှတ်ထားတာမျိုး
ကိုယ်လုံးဝမမေ့မဲ့ အရာတစ်ခုကို Passwordအဖြစ်ထားတာမျိုး
အဲဒါတွေကိုပဲ အကြံပြုချင်ပါတယ်
မပျောက်မပျက်နိုင်တဲ့ နေရာမှာပဲ အရေးကြီးတဲ့ Passwordတွေကို သိမ်းဆည်းပါလို့ အကြံပြုချင်ပါတယ်ဗျ

I Cloud Passwordကို ဘယ်မှာ မှတ်ထားကြသလဲ? | Ecency