#ship#steemit

myoko(38)
Published in
#ship
Words
43
Reading
1 min
Listen
Play
9y

တစ်ခါက သဘောင်္တစ်စင်းဟာ မုန်တိုင်းဒဏ်ကိုခံရပြီးတဲ့နောက်မှာ လုံးဝပျက်စီးသွားခဲ့တယ်။

သင်္ဘောပေါ်မှာပါလာတဲ့ ခရီးသည်နှစ်ယောက်ဟာ ပင်လယ်ထဲမှာလှေတစ်စင်းနဲ့အတူ မျောနေခဲ့တယ်။

ဒီလိုမျောနေရင်းမှာပဲ ခရီးသည်နှစ်ဦး စကားများကြရင်း ရန်ဖြစ်ကြတယ်။

တစ်ယောက်ကမကျေနပ်တဲ့အတွက် လှေရဲ့ဝမ်းအလယ်ကို လွန်နဲ့စဖောက်တယ်။

ကျန်တစ်ယောက်က အလန့်တကြား အော်ပြီးတော့ပြောတယ်။
"ဟေ့ကောင် မင်းရူးနေလား"
"မင်းဒီလိုလုပ်တာ နှစ်ယောက်လုံး သေသွားနိုင်တယ်"

ဒီစကားကြားတော့ ဖောက်နေတဲ့လူကပြန်ပြောတယ်။

"ကောင်းပြီလေ"

"ငါဘက်ခြမ်းက လှေဝမ်းကိုပဲငါဖောက်တော့မယ်"

သင်ခန်းစာ


မတူကွဲပြားကြတာဟာ ပြသနာမဟုတ်ပေမယ့်
တစ်လှေတည်းစီးနေတာကိုတော့ မေ့မထားသင့်ပါဘူး...

ကိုယ့်လှေရဲ့ဝမ်းကိုဖောက်မယ့်လူရဲ့အတွေးမှာ
သူများကိုနစ်နာမှုဖြစ်စေလိုစိတ်၊ မုန်းတီးစိတ်ဟာ
ကိုယ့်အကျိုးစီးပွား၊ ကိုယ့်အသက်အန္တရယ်ကိုတောင် မမြင်နိုင်လောက်အောင်တောင် ကာဆီးထားတတ်တယ်ဆိုတာ သတိပြုတတ်ပါစေ။

-မှတ်စုကြမ်း #nayaung

#ship#steemit | Ecency