ဒါနအကျိုး၃

Words
209
Reading
1 min
Listen
Play
9y

တိသ သည်​ လမ်းခရီးမှာ ​တွေ့ဆုံရ​သော ရဟန်း​တော်​အားဆွမ်းကပ်​ပြီး ​နောက်​ တွင်​ အပြန်​လမ်းခရီးမှာ ရဟန်​​တော်​ နှင့်​အတူပြန်​ခဲ့သည်​။ လမ်းတွင်​ ရဟန်းက ဆွမ်းကို မည်​သို့ ရခဲ့ သနည်းဟု ​မေးလျင်
"မိမိ ၏ သမီးကို ရွာသူ​ဌေးအိမ်​မှာ ​ပေါင်​ထား​ပါတယ်​ အရှင်​ဘုရား တပည့်​​တော်​ ၏ သမီးအား ပြန်​​ရွေးရန်​ ၆လတိတိ ရှာထားခဲ့​သော အသပြာ ၅၀၀ ဖြင့်​ဝယ်​ခဲ့​ရပါတယ်​ ဘုရား"
အကျိုးအ​ကြောင်းကို ရှင်းပြ​လေ​သောအခါတွင်​ ရဟန်း​တော်​ ကအလွန်​ပင်​ စိတ်​မ​ကောင်းဖြစ်​ရ​လေသည်​ ။မောင်​တိသ သဒ္ဒါ တရားအလွန်​ထက်​သန်​​သောသူဖြစ်​​ကြောင်း မှတ်​၍ထားသည်​။
" ရှားပါမြင့်​မြတ်​​သော ​သော သဒ္ဒါ တရားပြည့်​စုံ​သော​ယောက်ျားဖြစ်​​ပေသည်​ ငါ အကျိုးဖြစ်​​အောင်​ ကူညီမှဖြစ့​တော့မည်​"ဟုကြံဆ​လေသည်
လမ်းခွဲတစ်​ခု ​ရောက်​လျင်​ တိ ဿ သည်​ မိမိရွာဘက်​သို့ပြန်​​သည်​။ရဟန်း​တော်​သည်​ မင်း​နေပြည်​​တော်​ အရပ်​သို့ ကြွမြန်း​လေသည်​ ။ရဟန်း​တော်​ သည်​ ​နေပြည်​​တော်​သို့​ရောက်​​လေ ​သော် မင်းကိုးကွယ်​ ​သော ​ကျောင်း သင်္ခန်းတွင်​ တည်းခို​သည်​။ မင်းကိုးကွယ်​​သော်​ ​ကျောင်းမှ ဘုန်းကြီး ဟာ ဤရဟန်း​တော်​ အသွင်​အပြင်​ လက္ခဏာ သည်
" မြင့်​မြတ်​တည်​ကြည်​ ၍ အကျင့်​မြတ်​​သော ရဟန်းဖြစ်​​ပေသည်​" ဆိုကာ 
ကျောင်း၌ ​နေရာထိုင်​ ခင်း​ပေး၍တည်း​စေသည်​။
ရဟန်း​တော်​ သည်​ ​ကျောင်းတွင်​ ​ခေတ္တခဏ နားပြီ ညဉ့်​သုံးယံ ပတ်​လို ကမ္မဌာန်းတရားကို ကြိုးစားအားထုတ်​သည်​အာရုဏ်​ မတက်​ မှီ အရဟတ္တဖိုလ်​ ဆိုက်​​ရောက်​၍ ရဟန္တာ ဖြစ်​​လေသည်​။ အာရုဏ်​တက်​ချိန်​​ရောက်​ ​သော အခါ မင်းဆရာ​တော်​အား​ခေါ် ၍
"ငါ့ရှင်​ ငါသည်​ သက်​တမ်းကုန်​ပြီဖြစ်တာ​ကြောင့်​ ပရိနိဗ္ဗာန်​ပြု​တော့မည်​"ဟူ​ပြောပြီး လို အပ်​လျင်
"ငါ၏ ဒကာ တိ​ ဿ ကို​ခေါ်ပါ" ဟုမှာကြားကာ တိသ ၏​နေရပ်​လိပ်​စာနှင့်​ ဇနီးသည်​ အမည်​နှင့်​ သမီး အမည်​တို့​ပြောပြ ပြီ ပရိနိဗ္ဗာန်​ စံဝင်​​လေသည်​။
မင်းဆရာ​တော်​ သည်​ ​ကျောင်းတွင်​ ရဟန္တာ မြတ်​ ပရိနိဗ္ဗာန်​ ပြု​ကြောင်းကို မင်းအားအ​ကြောင်းကြာ​လေသည်​။
မင်း သည်​ မူမတ်​​ဗိုလ်​ပါတို့ ခြံရံကာ ​ကျောင်းသို့​ရောက်​လာ​လေသည်​။ မင်းသည်​ တင့်​တယ်​​သော ကြာကလာပ်​​တော်​ကို ပြုလုပ်​၍ ရဟန္တာ မြတ်​အားတင်​မည်​ ပြု​သော်​ မ,၍မရ ​ကျောက်​တိုင်းကဲ့သို့ တည်​​နေ​လေသည်​။
ထိုအခါ မင်းဆရာ​တော်​ သည်
" လိုအပ်​ ငါ့ ဒကာ တိသ အား​ခေါ်ပါ"
ဟူ​သောစကားကို မှတ်​ရ၍ မင်းအား ​ပြောပြ ပြီ တိ ဿ အား​ခေါ်​လေသည်​။ တိသ သည်​ ရဟန္တာ အား​တွေ့လျင်​ ဝမ်းနည်းစွာပင်​ငို​ကြွေ​လေသည်​။ထို့​နောက်​ ရဟန္တာ မြတ်​၏ရုပ်​ကလာပ်​အား မ,​စေ​သည်​ ​မကြွ ​ပေ အသပြာ၁ထောင်​ပေးမည်​ ဟု​ပြော​လေလျင်​ တိသ ကလက်​ဖြစ်​ကိုင်​ရုံမျှဖြင့်​ လက်​တစ်​ထွာ​လောက်​ကြွတက်​​လေသည်​။ ​နောက်​တစ်​ကြမ်​ ထပ်​၍မ​သော်​ မကြွပဲရှိ​လေ၏ ​နောက်​တစ်​ခါ အသပြာ၁ထောင်ထပ်​ ၍​ပေးလျင်​ ​​နောက်​ထပ်​ တစ်​ထွာထပ်​၍ကြွ​လေသည်​ ။နောက်​တစ်​ကြမ်​တွင်​မကြွ ပဲရှိပြန်​​သော်​ အသပြာ ​ပေးပြီးမ,ခိုင်းမှ သာလျင်​ကြွ၏။
နောက်​ဆုံးတွင်​ တိသ အသပြာ ​သုံး​ကု​ဋေနှင့်​ ​ခြောက်​သန်းရရှိ​ပြီ ချမ်းသာ​သောသူ​ဌေးကြီးဖြစ်​သွား​လေသည်​။ သဒ္ဒါ ထက်​သန်​​သော ဆွမ်းတစ်​နပ်​၏ ဒါနအကျိုးပင်​ဖြစ်​ပါသည်​။
End
@အညာသား​လေး
HFS

ဒါနအကျိုး၃ | Ecency