အပိုင်း ၂၅
ထို့နောက် ဝမ်းသားအားရ ဟစ်ကြွေး နေကြသည့် အသံများ ကို နားထောင် ရင်း နှစ်ဦးသား မြို့တော်တွင်းသို့ ဝင်လာခဲ့လေ သည်။
ဘုရင်နန္ဒသူ နှင့် နယ်စားမလေး မနော်ဟရီတို့သည် တိုင်းပြည်ထဲ တွင်အေးချမ်းပျော်ရွှင်စွာ နေထိုင်ရင်း တစ်နေ့ တွင် လေကြီးမို့းကြီးကျလေသည်။ မြို့၏ အထက် ဘက်တွင်ရှိသော ရေကာတာကြီးကျိုးပေါက်သွားလေသည်။ တာကျိုးပေါက်မှု့ကြောင့် ရေများ သည် မြို့ပေါ်သို့ လျှံကျ စီးဆင်းလာကြသည်။
စီးဆင်းလာသောရေများမှာ အေသင်မြို့လေးတစ်မြို့လုံးကို တိုက်စားဝါးမြို့သွားလေ သည်။အေသင်မြို့သည် တောင်များ ကြားတွင် တည်ဆောက် ထားသောကြောင့် လူအများမှာ ပြေးပေါက်မရှိပဲ အားလုံး ရေနစ်သေဆုံးကုန်ကြလေသည်။
မြို့ကြီးတစ်မြို့လုံးကို ရေနစ်မြုပ် မည်ကိုကြိုတင်သိရှိထားသော ဘုရင်နန္ဒသူ က
" ကဲ နှမတော် . . . မောင်တော် တို့. မလွတ် မယ့် အတူတူ ငွေတိုက်ထဲဝင်ပြီး အလုံပိတ်နေကြတာပေါ့ နှစ်ဦးသား သေလဲ အတူတူ သစ္စာ ဆိုကြတာပေါ"
ပြောပြီး သစ္စာဆိုကြလေသည်။
" နောင် ဘဝ တွင်လူသား ပြန်ဖြစ်လျှင် မိမိတို့ ရွှေငွေရတနာများကို ပြန်လည်ရယူပြီး အတူ ပေါင်းသင်းရပါလို ၏ " ဟူ၍ သစ္စာ ဆိုလိုက်ကြသည်။
ထို့နောက်တွင် ချစ်သူ နှစ်ဦး သည် တစ်ဦးကိုတစ်ဦး ဖက်ကာ ရေနစ် သေဆုံးကုန်လေတော့သည်။
အေသင်မြို့ တစ်ခု လုံးလည် ရေအောက်သို့ ရောက်သွားကာ တောင်ကြားတစ်လျှောက် ရေကန်ကြီး အဖြစ်ပေါ်ထွန်းလာပြီး အေသင်မြို့ ကလေးဟာ ပျောက်ကွယ်သွားလေတော့သည်။
လလလလလလလဆက်ရန်လလလလလလလလ