သရက်သီး (MANGO )

myintoo(39)
Published in
#hfs
Words
168
Reading
1 min
Listen
Play
9y

သရက်သီး(MANGO)

images (3).jpg

အသားမှာဝက်၊အသီးမှာသရက်၊အရွက်မှာလက်ဖက်၊ဟုဆိုကြသည်။ သရက်သီးသည်
ဗမာလူမျိုးဆို၏ရိုးရာအစားစားတစ်ခုလိုပင်ဖြစ်သည်။သရက်သီးသည်စားကောင်း၏ ။
ချိုမြိန်၏ ။စွဲမက်စေ၏ ။လွန်စွာခံတွင်းတွေ့စေ၏ဟုအများကလက်ခံထားကြသည်။
သရက်သီးသည် ခံတွင်းတွေ့စေရုံမျှမက လူတို့အတွက် ဆေးဖက်ဝင်အစားစားဖြစ်
သည်။ သရက်သီးစားခြင်းအားဖြင့် အ၀လွန်သောသူတို့၏ သွေးသကြားဓာတ်
အပေါ် အကျိုးသက်ရောက်မှုကင်းသလို ကင်ဆာရောဂါဖြစ်နိုင်ခြေ ကိုလည်း
လျော့ချနိုင်သည်ဟု လေ့လာတွေ့ရှိချက်အရသိရှိရပေသည်။
သုတေသီများက ၎င်း တို့၏ ဆိုအရ သရက်သီးတွင်အာဟာရ ပါဝင်သည့်အပြင်
ကျန်းမာရေးအတွက် အကျိုးရှိလျသည့်ဒြပ်ပေါင်းတွေပါရှိနေပါသည် ဟုဆိုသည်။
သရက်သီးတွင်၊အမျှင်ဓာတ် ၊ဗီတာမင်အေ ၊နှင့်စီ များစွာပါဝင်သည့်ခန္ဓာကိုယ်၏
အဆီ၊နှင့် ဂလုကို့စ်အပေါ်မှာ အကျိုးသက်ရောက်မှုကောင်းစွာပါဝင်သည်။
သွေးထဲသကြားလျော့နည်းအောင်အသုံးပြုရသည့် rosiglitazone လိုမျိုး
အရိုးပေါ်မှာ ဆိုးကျိုးမရှိပါဘူးဟု သိရသည်။ လေ့လာမှုအရသရက်သီးစား
သောကြောင့် ကင်ဆာဖြစ်နိုင်ချေ လျော့ချစေသော ဂုဏ်သတ္တိကြောင့်
ဟုသိရှိရပါသည်။သရက်သီးကို ရုက္ခဗေဒအမည်အားဖြင့် (မင်ဂီဖဲရား အင်ဒီကား)
လို့ဆိုသည်။
သရက်သီးရဲ့အရသာဟာ ထူးခြားတဲ့အရသာလို့ပြောလို့တောင်ရပါတယ်။
ချိုလည်းချိုအရသာလည်းရျိသည့်မို့လူတိုင်းကြိုက်နှစ်သက်ကြပါတယ်။
ယခုခေတ်တွင် သရက်သီးမှည့်ဆိုရင် တစ်လုံးကို (500)လောက်တောင် ၀ယ်စားကြတာတွေ့နိုင်ကြပါတယ်။
သရက်သီးဆိုရင် နု၊ရင့် ၊မှည့်သည်အထိ အမျိုးအမျိုးအဖုံဖုံ လုပ်စားကြတာ တွေ့ကြရပါသည်။
အဲ့သရက်သီးကို အပြုတ်လုပ်ကြီး သကြား ဒါမှမဟုတ် ထန်းလျှက်နှင့်သောက်ပါက နေပူချပ်ခြင်း၊ပျို့အံခြင်းကို သက်သာစေတယ်။ သရက်ရွက်ကြီးတာကိုလည်း အသုံးဝင်တဲ့ဆေး
တစ်ပါးဟု သိရပြန်တယ်။
သရက်သီးမှည့်
မစားမီ သရက်သီးမှည့်ကိုဖင် ဖြတ်ပါ ။ရေတွင်နစ်အောင် (၂)နာ ရီနီးပါး စိမ်းထားရမယ်။သို့မှသာ သရက်သီးအမှည့်တွင်းမှ အစီအလေင်များထွက်သွားမှာ ပါ။ထိုကဲ့သို့မလုပ်ဘဲစားမိပါကအာခံတွင်းတွင်
အစေးလောင်ခြင်းဒဏ်ကို ခံစားရတတ်ပါတယ်။
ကရက်သီးအမှည့် အရည်ကို သူ့ပင်ကိုတိုင်း ဖျော်ရည်ပြုပြီးသောက်မည်ဆိုရင်တော့ ရင်ချေင်ပါတယ်။
အစာချက်တဲ့နေရာမှာလည်း ပိုအားကောင်းပါသတဲ့သွေးလည်းပတ်မူနုန်းလည်းပိုကောင်းစေတယ်။

    အသုံးပြုနည်း အမျိုးမျိုး

၁။ သရက်သီးနဲ့နွားနို့ကို အမြဲအသုံးဝင် အရသာရှိတယ်တဲ့။သွေးလည်ပတ်တဲ့နေရာမှာလည်းတိုးတတ်စေတယ်လို့ဆိုပါတယ်။အထူးသဖြင့်နဗ့်ကြောစ
နစ် ကိုတိုးတတ်ကောင်းမွန်စေပြီးကြွက်သားများကိုပါ အားရှိစေပါတယ်။
၂။သရက်သီးစားပြီးရင် နို.တခွက်သောက်ပါ။ကြွက်သားများကို ပိုမိုသန်မာပါလိမ့်မည်။
၃။သရက်သီးများကို ကာလအတန်ကြာအထိ နေ.စဉ်နေ.တိုင်း စားသုံးခြင်းအားဖြင့်ဝမ်းလျောဝမ်းကိုက်ခြင်း၊အသည်းရောဂါ၊ နာတာရှည်အစာအိမ်၊အူသိမ်အူမရောဂါများ၊တီဘီရောဂါ၊လိပ်ခေါင်းရောဂါတို့ကို ပျောက်ကင်းစေနိုင်ပါသည်။
၎။သရက်သီးကို မှန်မှန်စားသုံးခြင်းဖြင့် ကိုယ်အလေးချိန်တတ်ရေးနှင့် ခန္ဒကြိုယ်ဖွံ.ဖြိုးေ၇းအတွက် အထောက်အကူပြုပါတယ်။
၅။ဥ၇က်ဦးမှာ ပ၇ိုတင်းနဲ.ဗီတာမင် အေနှင့်ဘီ တို.များစွာပါရှိတာမို. နှလုံးကိုအားတိုးစေပြီး ကာမအင်အားကိုလည်း တိုးတတ်စေနိင်ပါတယ်။ အသားအရေကိုပါ စိုပြေ၀င်းပစေပြီး မျက်နှာကိုလည်း ချောမွတ်လန်းဆန်းစေပါတယ်။
၆။သရက်ပျဉ်ကတော. လေချဉ်တတ်ခြင်း၊အန်ခြင်းတို.မှာ အသုံးဝင်ပါတယ်။ သရက်သီးအရည်ကို အလိုရှိတဲ.ပုံသဏ္ဍာန်နဲ. အရွယ်အစားရှိတဲ. ပိတ်စ သို့မဟုတ် သတ္တုပြားပေါ်မှာဖြန့်ခင်းပြီး ခြောက်အောင်နေပူလှန်းပေးပါ။ရလာတဲ.အချပ်ပြားဟာ သရက်ပျဉ် ပါဘြ။
သရက်သီးနဲ.ပတ်သက်ပြီး ဆိုးကျိုးတွေလည်း ရှီတတ်တာမို. သတိပြုစေချင်ပါတယ်။ သရက်သီး အလွန်အကျွံ့စားမိရင် အစာမကြေခြင်း၊ ခံတွင်းပျက်ခြင်း၊ ဖျားနာခြင်း ၊အအေးမိခြင်း၊ ပန်းနာရောဂါနဲ.၀မ်းလျောဝမ်းပျက်သူများအဖို. ၊သရက်သီးကိုရှောင်ကြဉ်သင့်ပါတယ်။အစာလည်းဆေး၊ဆေးလည်းအစာ ဆိုတဲ.အတိုင်း သတိပြုမိဖို. အတွက်ပါ။

images (2).jpg

download.jpg

myint oo

photo from google

သရက်သီး (MANGO ) | Ecency