ငါ

Words
98
Reading
1 min
Listen
Play
9y

mmexport1481471185059.jpg
ယုံကြည်ချက် အိပ်မက်အိုများနဲ့ မကြာခဏ အငြင်းပွားသူ……။
ဧဒင်ဥယျာဉ်ထဲက ပန်းသီးကို သုတေသနပြုချင်သူ
လက်ဝါးပြင်က အရေးအကြောင်းများကို အယုံအကြည်ကင်းမဲ့သူ ……။
သစ္စာလေးပါးတရားတော်ကို အကြွင်းမဲ့ ယုံကြည်လျက် လစ်လျူရှု့  ထားမိသူ……။
ရေပေါ်ဆီတွေကို ရွံ့မုန်းတတ်သူ ……။
ပုံစံခွက်တွေနဲ့ အသားမကျသူ ……။
ဖြစ်တည်ရာ ဘဝကို လှောင်ရီဟားတိုက်ချင်သူ……။
လေးအကျိုး ခွေးဆိုးနဲ့ ယုန်လိုက်ခဲ့သူ ……။
ခံစားချက် ဝေဒနာများကို အယ်ကိုလ်ဟော့နဲ့ ဆေးကြောတတ်သူ ……။
ပိရိစွာ ဟန်ဆောင်တတ်ဖို့ လေ့ကျင့်သင်ကြားနေသူ
ဥပက္ခာနဲ့ နေသားမကျသူ ……။
မိတ်ဆွေစစ်ကိုရှာဖွေဖို့  မီးအိမ်ပျက်တစ်လုံးနဲ့ လမ်းပျောက်နေသူ ……။
လောကဓံတရား ( ၈ )ပါးနဲ့ နဘမ်းလုံးနေတတ်သူ…။
သံသရာမှာ ကျင်လည်နိုင်ဖို့  အကုသိုလ်တွေ စုဆောင်းထားသူ ………။
အပေါ်ယံအရေပြားအတွက် အချိန်ကုန်မှာ တွေးကြောက်သူ ……။
အို ………မိတ်ဆွေ သပျစ်သီး မချဉ်တတ်တဲ့ မြေခွေးတစ်ကောင်ရဲ့ ကောင်းချီးပေးခြင်းကို အကြွင်းမဲ့ ယုံကြည်သွားပါလေ ………။
myintaungnaing@myintaungnaing
စိတ်အစဉ် အတွေးများအား မှတ်တမ်းတင်ပါသည် ။
Steemcoin.png
ဒဿနလည်း မဟုတ်ပါ ကဗျာလည်း မဟုတ်ပါ အက်ဆေးဟုခေါ်သော စာအမျိုးအစားလည်း မဟုတ်ပါ မိမိကိုယ်ကို လည်ပြန်ကြည့်၍ ဝေဖန်ထားသော အတွေးသက်သက်သာ ဖြစ်သည် ။

Writing By MyintAungNaing
Steem Image By Google Search Photo

ငါ | Ecency