နင့်ဘက်က ကျန်တာတွေကို ကြိုက်သလို ပြောင်းလဲနိုင်ပါတယ်။
ငါဘက်က တစ်ခုပဲတောင်းဆိုလိုက်ပါရစေ။
အဲ့ဒါကတော့
ငါနဲ့ပတ်သက်သမျှတွေကို နင်ပြောင်းလဲမသွားပါနဲ့လို့။
ရှိရှိသမျှ ဘယ်အရာကမှ တည်မြဲခြင်းမရှိဘူး။
အစဉ်အမြဲပြောင်းလဲနေတယ်ဆိုတာကို ငါသိပေမယ့်
ငါ့အပေါ်မှာ နင့်ဘက်က သစ္စာဖောက်သွားမှကိုတော့ ငါမလိုလားဘူး…ဟယ်။
မသေချာသော မျှော်လင့်ချက်ဆိုတာ မရေမရာရှိနေတဲ့အရာကို ငါလက်ခံမိပါရဲ့
အဲ့ဒီမျှော်လင့်ချက်နဲ့ ပတ်သက်လာရင် နင်နဲ့ငါ ပတ်သတ်သမျှ ဖြစ်မြောက်မလာမှာကိုတော့ ငါတွေးပြီး စိုးရိမ်နေမိတယ်။
နင်နဲ့ငါ တစ်ယောက်အပေါ်တစ်ယောက် ဘယ်လောက်ပဲ ဂတိတွေ ထားရှိနေပါစေ အကြောင်းအမျိုးမျိုးကြောင့် ဂတိတွေ ထားရှိမှုတွေ ပျက်ပြယ်သွားတက်တယ်။
ဒါပေမယ့်လည်း နင့်ကို ယုံပြီး ငါ့ဘဝတစ်ခုလုံးအတွက် ယုံကြည်လိုက်တော့မယ်နော်။
အိပ်မက်ရဲ့သဘောက ပေါ်လိုက်ပျောက်လိုက် တိကျနေခြင်းမရှိပေမယ့်
နင်နဲ့ငါ့အတွက်ရဲ့အနာဂတ်အိပ်မက်တွေကို အမြဲဖက်တွယ်ထားချင်မိတယ်။
စွဲလမ်းတက်မက်ခြင်းတွေက သံသရာမဆုံးလေတော့ မဆုံးသောလမ်းကို နင်နဲ့အတူ လျှောက်လှမ်းသွားချင်ပါတယ်။
author: @myatnoenaing
photo:cedit google images