ယုံကြည်မှု

Words
189
Reading
1 min
Listen
Play
4y

Celsius ဟာ တရားရုံးကို တင်ပြတဲ့စာရွက်စာတမ်းတွေထဲမှာ သူတို့ဆီက customer တွေရဲ့ နာမည်တွေနဲ့ ငွေလွှဲမှတ်တမ်းပေါင်း သောင်းနဲ့ချီကိုပါ တင်ပြခဲ့ပြီးတော့ စာမျက်နှာပေါင်း ၁၄,၅၀၀မျက်နှာ ရှိခဲ့ပါတယ်။

ဇွန်လမှာတည်းက Celsius ဟာ အခြေအနေယိုယွင်းလာခဲ့ပြီး withdrawal တွေကို ရပ်နားခဲ့လိုက်ရချိန်ကစလို့ customer တွေဟာ Celsius အပေါ် မကျေမနပ်ဖြစ်နေခဲ့ကြတာဖြစ်ပြီးတော့ အခုလို သူတို့ရဲ့ data တွေကို တရားရုံးတင်ခံလိုက်ရချိန်မှာတော့ ပိုဆိုးကုန်ကြပါတယ်။

ဒီစာရွက်စာတမ်းတွေထဲမှာ customer တွေရဲ့ နာမည်တွေ၊ ငွေလွှဲပုံစံတွေနဲ့ ပမာဏတွေ၊ customer ဟာ ဘယ် service တွေကို သုံးခဲ့တယ်၊ ဘယ် token ကို ဘယ်လောက်ဖိုးကိုင်ထားတယ်ဆိုတာတွေပါ အတိအကျပါဝင်နေခဲ့တာပါ။ ပြောရရင်တော့ customer database တစ်ခုလုံး တရားရုံးရောက်သွားပုံပါပဲ။

ဒီသတင်းထွက်လာပြီးနောက်မှာ Reddit မှာလည်း Celsius နဲ့ ပတ်သက်လို့ ပွဲဆူနေပါတယ်။ User တစ်ယောက်ဆိုရင် သူ နှစ်၂၀လုံးလုံး စုဆောင်းထားခဲ့တဲ့ စုငွေတွေကို Celsius မှာ အပ်ထားခဲ့တာဖြစ်ပြီး အခုလို ဒေဝါလီခံလိုက်ရတဲ့အချိန်မှာ သူ့မှာလည်း အကြွေးတွေပတ်လည်ဝိုင်းပြီး ကျန်နေခဲ့ရကြောင်းတွေကို ရင်ဖွင့်ထားပြီးတော့ သူ့လို user တွေလည်း နောက်ထပ်အများကြီး ရှိပါသေးတယ်။ အချို့ user တွေကလည်း Centralized exchange တွေရဲ့ KYC မူဝါဒတွေကို မေးခွန်းထုတ်လာကြပြီး စိတ်ချရပါ့မလားဆိုပြီးစိုးရိမ်နေကြပါတယ်။ ဒါ့အပြင် CEO ဖြစ်တဲ့ Alex Mashinsky ဟာ Celsius ကနေ withdrawal မပိတ်ခင်မှာ Celsius ထဲမှ သူ့ပိုက်ဆံတွေကို ကြိုတင်ထုတ်ယူသွားကြောင်း စွပ်စွဲမှုတွေလည်းရှိနေပါတယ်။

ဒါကြောင့် crypto တွေကို ဝယ်မယ်ဆိုရင် ကိုယ့်ရဲ့ အပူငွေတွေနဲ့ မဝယ်ဘဲ စိတ်အေးလက်အေးပစ်ထားလို့ရမယ့်ငွေနဲ့ပဲ ဝယ်သင့်ပါတယ်။ ပြီးရင်လည်း centralized exchange တွေမှာ မထားဘဲနဲ့ hardware wallet တစ်ခု ဝယ်ပြီး ထည့်ထားတာကသာ စိတ်အချရဆုံးပါ။

Reference Links: https://cryptobriefing.com/celsius-reveals-names-transaction-histories-of-thousands-of-customers-in-public-court-filing/
https://cryptobriefing.com/i-am-suicidal-celsius-customers-respond-to-firms-bankruptcy/

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=TIRSVFWP

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

ယုံကြည်မှု | Ecency