ကိုယ်တွေမှာတော့ ...

Words
191
Reading
1 min
Listen
Play
3y

Mercedes-Benz ဟာ သူတို့ရဲ့ in-car virtual assistant update အသစ်ထဲမှာ NFT gallery တစ်ခုကိုပါထည့်သွင်းလာပါတယ်။ ဒီ assistant ကို AI (Artificial Intelligence) နဲ့ လည်ပတ်တာဖြစ်ပြီးတော့ MB.OS (Mercedes-Benz Operating System) ပေါ်မှာ တည်ဆောက်ထားပါတယ်။

Next Gen Operating system ဖြစ်တာနဲ့အတူ AI assistant ဟာ driver နဲ့ အပြန်အလှန်စကားပြောရာမှာ သဘာဝကျကျပုံစံ၊ ကြိုတင်ခန့်မှန်းတတ်တဲ့ပုံစံ၊ ကိုယ်ရေးကိုယ်တာခံစားချက်ပုံစံ၊ စာနာသနားတတ်တဲ့ပုံစံဆိုတဲ့ ခံစားချက် profile 4 ခုကို အသုံးပြုပြီး ဆက်ဆံသွားမှာဖြစ်ကြောင်းလည်း Mercedes-Benz ရဲ့ CTO (Chief Technology Officer) က ရှင်းပြထားပါတယ်။

Mercedes-Benz ရဲ့ ကားအတွင်းပိုင်း ဖျော်ဖြေမှုပုံစံကိုတော့ MBUX Sound Drive နဲ့ ချိတ်ဆက်ထားပြီး ကားမောင်းနေတဲ့ပုံစံကိုလိုက်ပြီး သီချင်းတွေတင်ဆက်ပေးနေမှာဖြစ်ပါတယ်။ MBUX ရဲ့ NFT Collectible တွေနဲ့အတူ Mercedes ရဲ့ နာမည်ကြီး NXT NFT တွေကိုလည်း ကားရဲ့ dashboard ပေါ်မှာ display ပြပေးနေဦးမှာကြောင့် တကယ့် next gen driving experience ကို အပြည့်အဝရနိုင်မှာပါ။

Mercedes-Benz ဟာ ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှုတွေကို ခြေရာခံနိုင်ဖို့အတွက် 2020 ခုနှစ်တည်းက blockchain နည်းပညာတွေကိုသုံးနေခဲ့တာဖြစ်တာကြောင့် အခုသူတို့ရဲ့ နောက်ဆုံးပေါ် MB-OS ထဲမှာ NFT တွေကို ထည့်သွင်းလာတာဟာ အဆန်းတော့မဟုတ်လှပါဘူး။

ဆန်းတာကတော့ ဒီလိုနည်းပညာတွေကို ငေးမျှော်ကြည့်ရုံပဲကြည့်နေနိုင်တဲ့ ကျနော်တို့နိုင်ငံသားအများစုပါပဲ။ နိုင်ငံကိုသာခွေးမဆွဲခဲ့ရင် အခုလိုအချိန်မျိုးတွေဟာ ဒေသတွင်းနိုင်ငံတွေနဲ့ နည်းပညာအပြိုင်အဆိုင်တွေ ဖြစ်နေရမယ့်အချိန်ပါ။ အခုတော့ နိုင်ငံခွေးဆွဲခံထားရတာကြောင့် ထင်သလောက်မပေါက်မြောက်နေနိုင်ပါဘူး။
ဒါပေမယ့် ဒီလိုအချိန်မှာတောင် ပြည်တွင်းက အသိပညာရှင်၊ အတတ်ပညာရှင်တွေဟာ ဟိုတကွက်၊ ဒီတကွက်နဲ့ စုစည်းမိနေကြတာကြောင့် ခွေးလက်ကလွတ်သွားတဲ့အခါ ဒီ့ထက်ပိုပြီးတောင် နည်းပညာတွေ တောက်ပလာနိုင်ဦးမှာပါ။

Reference Link: https://decrypt.co/212831/ces-2024-mercedes-benz-previews-in-car-nft-gallery-emotional-ai-assistant

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

ကိုယ်တွေမှာတော့ ... | Ecency