ခါတော်မှီတွေ

Words
179
Reading
1 min
Listen
Play
3y

Crypto industry ထဲမှာ ဘာသတင်းတွေပဲထွက်ထွက် ဘောလုံးလေးလိုနေပြီး အမြတ်ရနေကြသူတွေကတော့ scammer တွေပါပဲ။ မနေ့တုန်းက US DoJ ကို Binance ဖက်ကနေ $4.3 billion အထိ ဒဏ်ငွေဆောင်ရမယ်ဆိုတဲ့သတင်းတွေတက်လာချိန်၊ Binance CEO အဖြစ်ကနေ CZ နှုတ်ထွက်ခဲ့တဲ့သတင်းတွေတက်လာချိန်၊ Binance ထဲကနေ $1 billion အထိ withdraw ထွက်ကုန်တဲ့သတင်းတွေတက်လာချိန်မှာ crypto trader တွေရဲ့ futures position အတော်များများ liquidate ဖြစ်ကုန်ကြပါတယ်။

ဒါပေမယ့် CZ နှုတ်ထွက်သွားတဲ့သတင်းပေါ်မူတည်ပြီး scammer တစ်သိုက်ကနေ CZ token တွေ ထုတ်ရောင်းခဲ့ရာကနေ $300k အထိ marketcap ရနေပါပြီ။
X ပေါ်မှာ CZ နဲ့ ပတ်သက်တဲ့သတင်းတွေ တောက်လျှောက်တက်နေပြီး လူစိတ်ဝင်စားမှုမြင့်တက်နေချိန်မှာ အချိန်ကိုက် CZ token တွေကို DEX (Decentralized Exchange) တစ်ခုဖြစ်တဲ့ Uniswap ပေါ်တင်ခဲ့တာဖြစ်ပြီး မသိနားမလည်တဲ့သူတွေက ဝယ်ယူမိကြတာပါပဲ။

အခု CZ token ဟာ Uniswap ပေါ်မှာ ရှိနေဆဲဖြစ်ပေမယ့် ဈေးတွေ တောက်လျှောက်ပြန်ထိုးဆင်းနေပါတယ်။ မကြာခင်မှာ token ဖန်တီးခဲ့တဲ့ scammer ကနေ ငွေတွေလိမ်ပြေးတော့ဖို့ ဖြစ်နိုင်ခြေများပါတယ်။

သတင်းတစ်ခုနာမည်ကြီးလာတိုင်းမှာ သတင်းနဲ့ပတ်သက်တဲ့ crypto token တွေ တနည်းအားဖြင့် Shitcoin တွေကို ဖန်တီးပြီး ပိုက်ဆံရှာတဲ့ scammer တစ်စုက သက်သက်ကိုရှိနေတာဖြစ်ပြီး ဒီရက်ပိုင်းအတွင်းမှာတင် Elon Musk ရဲ့ Grok AI ကို ပုံမှားရိုက်ထားတဲ့ GROK token၊ CZ ကိစ္စမှာ အချိန်ကိုက်ထွက်လာတဲ့ CZ token တို့ကို တွေ့ခဲ့ရပါတယ်။

Reference Link: https://decrypt.co/206885/degens-make-money-ethereum-token-cz-stepping-down

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL