Base

Words
161
Reading
1 min
Listen
Play
3y

Coinbase ရဲ့ Ethereum layer 2 network ဖြစ်တဲ့ Base network ဟာ မကြာခင်မှာ mainnet ထွက်လာဖို့ ရှိနေပါတယ်။

လက်ရှိမှာ network code နဲ့ network ရဲ့ security အပိုင်းကို ပညာရှင်ပေါင်း 100ကျော်က စစ်ဆေးခဲ့ကြပြီးပြီဖြစ်ပြီး ကြီးကြီးမားမားပြစ်ချက်မတွေ့ခဲ့ကြောင်း သိရပါတယ်။ Base network ရဲ့ smart contract တွေ၊ bridge တွေနဲ့ အခြားအစိတ်အပိုင်းတွေရဲ့ အားနည်းချက်တွေကို ဖော်ထုတ်စစ်ဆေးပေးနိုင်ဖို့အတွက် audit contest တစ်ခုကို 14ရက်ကြာပြုလုပ်ခဲ့တာဖြစ်ပြီးတော့ $100,000 ဖိုးအထိ USDC reward တွေ ပေးခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမယ့် အသေးစားပြစ်ချက်လေးတွေတော့ တွေ့ခဲ့တာကြောင့် ဒီပြစ်ချက်တွေကို ပြန်ပြင်ဆင်နေပြီးတော့ 2023 ခုနှစ်အတွင်း သိပ်မကြာခင်မှာပဲ mainnet ထုတ်နိုင်ဖို့ကို မျှော်မှန်းထားကြောင်း Base team က ဆိုထားပါတယ်။

Base network ဟာ Optimism နည်းပညာနဲ့အတူ Ethereum network ပေါ်မှာ တည်ဆောက်ထားတဲ့ layer 2 network ဖြစ်ပြီးတော့ transaction တွေကို အရင်ကထက်ပိုမြန်လာစေနိုင်ပြီး transaction fees ကိုလည်း သိသိသာသာလျှော့ချပေးနိုင်မှာပါ။

Coinbase ရဲ့ Base network နောက်မှာ Binance ကလည်း Optimism ကိုသုံးပြီးတော့ opBNB network ထုတ်ဖို့ ရှိနေတာကြောင့် ဒီ2ခုဟာလည်း အပြိုင်အဆိုင်ဖြစ်လာကြနိုင်ပါတယ်။

Reference Link: https://decrypt.co/146815/coinbase-ethereum-layer-2-base-mainnet

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

Base | Ecency