Axie

Words
192
Reading
1 min
Listen
Play
3y

တခေတ်တခါက Web3 game လေး Axie Infinity ကို မှတ်မိကြသေးလား? Bear market ရဲ့ ထုထောင်းမှုတွေနဲ့အတူ bridge တွေ hack ခံရမှုတွေကြောင့် ဂျုံးဂျုံးကျသွားခဲ့ရတဲ့ Axie Infinity ဟာ merch တွေ ထုတ်ပြီးတော့ တကျော့ပြန်လာဖို့ ပြင်ဆင်နေပါတယ်။ Axie Infinity website ပေါ်မှာပဲ merch တွေအတွက် IP အသစ်တစ်ခုဖန်တီးလိုက်တာဖြစ်ပြီး Axie merch တွေ အတွက် marketplace တစ်ခုဖြစ်လာဖို့ ရည်ရွယ်ထားပါတယ်။

ဒီ marketplace ပေါ်မှာ အရင်က Axie Infinity NFT ကိုင်ထားသူတွေအနေနဲ့လည်း သူတို့ရဲ့ NFT တွေကို merch အဖြစ် ပြောင်းလဲထုတ်ရောင်းလို့ရနိုင်မှာဖြစ်ပြီး နောက်ပိုင်းမှာလည်း နောက်ထပ် feature အသစ်တွေ ထပ်ပါလာဖို့ ရှိနေပါတယ်။

လောလောဆယ်မှာတော့ Axie Infinity theme နဲ့ ကော်ဖီဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ ရုပ်ပြစာအုပ်တွေနဲ့ အရုပ်တွေ ထုတ်ခွင့်ပေးထားပေမယ့် သူတို့ခွင့်ပြုထားတဲ့ Axie NFT ပမာဏဟာ 5,000 သာ ရှိပါသေးတယ်။ Axie NFT တွေဟာ 11.9 million အထိ ရှိတာကြောင့် 0.04% ကိုသာ စီးပွားရေးမှာ အသုံးချလို့ရနိုင်ဦးမှာပါ။

ဒါပေမယ့် ခွင့်ပြုထားတဲ့အထဲမှာတင် Axie merch store ပေါ်မှာ $300 figure အရုပ်အပါအဝင်၊ hoodie တွေ၊ t-shirt တွေနဲ့ ဦးထုပ်တွေ တင်ထားပြီးပြီဖြစ်ပြီး ပထမဆုံးဝယ်ယူသူ အယောက် 5,000 ဟာလည်း Axie NFT တွေ ရနိုင်ဦးမှာပါ။ Philipines မှာတော့ Grab app ထဲက ads တွေကို နှိပ်ရုံနဲ့ Grab point တွေအပြင် Axie merch တွေအတွက် discount code တွေပါ ပေးနေပါတယ်။

Reference Link: https://decrypt.co/207402/axie-infinity-starts-giving-nft-owners-commercial-rights-official-merch-drops

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

Axie | Ecency