Apr 18 Fri

mrtxet(42)
Published in
#myanmar
Words
148
Reading
1 min
Listen
Play
1y

myanmar တို့ရဲ့ နှစ်ဆန်း တစ်ရက်နေ့ ကျော်လို့ ယခု ဆိုလျှင်
နှစ်ဆန်း နှစ်ရက်နေ့ပင် ရောက်ရှိလို့ လာခဲ့ ပါပြီ။ သို့ပေမယ့်လဲ
myanmar နိုင်ငံတော် အတွင်းနေထိုင်သော လူအများ စုတို့မှာ
မနက်မိုး လင်းလို့ အိပ်ရာမှ ထရသည် ပင်လျှင် ယခင် နှစ်ကာ
လများက ကဲ့သို့ ကြည်ကြည် လင်လင် မနိုးထနိုင်ကြတော့ပေ
ပြီးခဲ့ သည့် နှစ်ဟောင်းမှ စတင် လှုပ်ခတ်ခဲ့ သည့်ငလျင် ဒဏ်
ကိုအလူးအလဲ ခံထားကြရသဖြင့် ကိုယ်စိတ်နှလုံး တို့မှာ ပင်ပန်း
နွမ်းနယ် နေကြသည်။
အရင်အချိန် ကာလများက ဆိုလျှင် myanmar new year ဟာ
လူကြီး လူလတ် လူငယ် များ တစ်ယောက်မကျန် ပျော်ရွှင်စွာ
ရေကစားနေကြပြီး ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြသော်လည်း ယခု
နှစ်သစ် မဝင်ရောက်မှီ နှစ်ဟောင်း ကုန်ဆုံး ခါ နီး အချိန်တွင် အ
ကြီးအကျယ် လှုပ်ခတ်ခဲ့သော ငလျှင် ဒါဏ်ကြောင့် စိတ်သော
ကရောက်နေ ကြရသောကြောင့် ဖြစ်ပေသည်။ နိုင်ငံအတွင်း နေ
ထိုင်ကြသော လူကြီး လူငယ် လူလတ် ပိုင်းနှင့် ခလေးငယ် တ
ချို့ ကတော့ myanmar တို့၏ ထုံးတမ်းအစဉ် အလာ တိုင်းပင်
နှစ်ဟောင်း မှ အညစ်ကြေးများ ကို နှစ်သစ်လို့ မပါစေရန် ဆေး
ကြောကြသည် ဟုသော အယူ အဆများအတိုင်း မပျော်ရွှင် ကြ
သော်လည်း အတတ်နိင် ဆုံးသော အပြုံးများကို ရင်ဝယ် ပိုက်
ကာပျော် ရွှင်စွာ ဖြင့် ဖြတ်သန်းခဲ့ကြခဲ့လေသည်။ april 18 ရက်
နေ့ ဒီနေ့တွင်လည်း အတတ်နိုင်ဆုံး အားတင်းပြီး ပျော်ရွှင်စွာ
ဖြတ်သန်းကြိုးစားကြပါလိမ့် ဦးမည်။myanmar နိုင်ငံကြီး အ
မြန် ဆုံးပြန်လည် ကျန်းမာ လာမည်ကိုလဲ ဆက်လက် ဖြတ်သန်း
ရင်း ကြိုးစားလုပ်ကိုင် သွားကြလိမ့်မည် ဟုလဲ မျှော်လင့်မိပါ
သည်။ မနက်ဖြန် တိုင်းအတွက် မျှော်လင့်လျက် ကျန်းမာပါစေ
မြန်မာပြည်။

18.4.2025
7:11 AM

Apr 18 Fri | Ecency