👉Two things to remember in life

mooen(37)
Published in
#myammar
Words
121
Reading
1 min
Listen
Play
9y

FB_IMG_1502620008104.jpg

(၁) အထီးကျန်တဲ့အချိန်

အထီးကျန်တဲ့အချိန်မှာ အတွေးတွေကို
ထိန်းချုပ်ရတာ မလွယ်ပါဘူး။ အဲ့ဒီအချိန်မှာ
အတွေးတွေက များသောအားဖြင့် Negative
အတွေးတွေပဲဖြစ်နေတတ်ပါတယ်။ အဲ့ဒီလို
အချိန်မျိုးမှာ မိမိရဲ့အတွေးတွေကို အထိန်း
အကွပ်မရှိလွှတ်ပေးထားရင် ပိုပြီး အထီးကျန်
လာတတ်ပါတယ်။

အထီးကျန်တယ်ဆိုတာ လူတိုင်းလိုလိုမှာ
ရှိပါတယ်။ အနည်းအများ ကွာခြားတာပဲရှိ
လိမ့်မယ်။အထီးမကျန်ဘူးတဲ့ သူရယ်လို့
မရှိပါဘူး။ မိမိတစ်ယောက်တည်းရှိနေတဲ့
အချိန်တွေမှာ မိမိရဲ့အတွေးတွေကို ဂရုစိုက်
ပါ။ အတွေးတွေ ဆွဲခေါ်ချသွားတဲ့နောက်
လိုက်မသွားမိပါစေနဲ့။ မိမိကိုယ်ကို အလုပ်
ပေးပါ။ အဝတ်လျှော်၊ သန့်ရှင်းရေးလုပ်၊
စာဖတ်၊ ရုပ်ရှင်ကြည့်ပါ။ ဘာမှ မလုပ်ပဲ
ထိုင်ပြီး အထီးကျန်တာထက်တော့ ပိုပြီး
အကျိုးရှိပါတယ်။

(၂) လူတွေနဲ့ရှိတဲ့အချိန်

လူအများနဲ့ အလုပ်လုပ်နေရချိန်၊ သို့မဟုတ်
အတူတူ သွားလာနေချိန်၊ သို့မဟုတ် အတူ
တကွ စားသောက်နေချိန် စတာမျိုးတွေမှာ
အမြဲ မိမိရဲ့ စကားတွေကို သတိထားပါ။
မိမိအမှုမဲ့ပြောလိုက်တဲ့ စကားကြောင့် သူများ
စိတ်ထိခိုက်သွားနိုင်သလို ၊ မပြောသင့်တဲ့
စကားတစ်ခွန်းကြောင့် မိမိအတွက် အကျိုး
ယုတ်သွားတာမျိုးလည်းဖြစ်တတ်ပါတယ်။

ကျွန်တော် ပထမဆုံး အလုပ်လုပ်ခဲ့တုန်းက
ကျွန်တော့်ရဲ့ နယ်သာလန်ဘော့စ်ပြောဖူးတဲ့
စကားတစ်ခွန်းရှိတယ်။ Think before you
talk. တဲ့။ မပြောခင် စဉ်းစားပါ။ မပြောခင်
ဦးနှောက်နဲ့ စဉ်းစားမိဖို့ဆိုတာ အရမ်းတော့
မလွယ်ကူပါဘူး။ ဒါပေမယ့် တစ်ဖြည်းဖြည်း
ကျင့်သားရလာရင် သင့်ရဲ့နှုတ်ကို သင့်ရဲ့
စိတ်က ထိန်းချုပ်နိုင်လာပါလိမ့်မယ်။ အချိန်
ပြည့်မဟုတ်တောင် အရေးကြီးတဲ့အချိန်တွေ
မှာ ထိန်းချုပ်နိုင်လာပါလိမ့်မယ်။

အထက်က ၂ချက်ကို သေချာလိုက်လုပ်ရုံ
နဲ့ တကယ်ကို ဘဝမှာ အကျိုးရှိပါတယ်။
ချက်ချင်း လုပ်လို့ရတဲ့အရာတွေ ဟုတ်ချင်
မှ ဟုတ်မယ်။ ဒါပေမယ့် အကျင့်မွေးယူလို့
ရပါတယ်။

မိုးရှင်း ရေးသားသည်

👉Two things to remember in life | Ecency