This content got low rating by people.

မာန အက်​​ကြောင်း

Words
58
Reading
1 min
8y
Listen to this post
~1 min

မာနလေးတော့ ထားခွင့်ပြုပါ


လူတစ်ယောက် အရမ်းတည်ငြိမ်သွားရင်
မာနကြီးတယ်လို့ မြင်ကြတယ်

လူတစ်ယောက် အရမ်းထက်မြက်သွားရင်
ဘဝင်မြင့်လိုက်တာလို့ ထင်ကြတယ်

လူတစ်ယောက် အရမ်းပြတ်သားသွားရင်
ရက်စက်လိုက်တာလို့ စွပ်စွဲကြတယ်

ဒီလို တည်ငြိမ်ရင့်ကျက်သွားဖို့
နာကျင်မှုတွေနဲ့ ရင်းနှီးခဲ့ရတယ်ဆိုတာ
သူတို့ မသိခဲ့ကြဘူး

ဒီလို ထက်မြက်သွားဖို့
နောက်ကျောကို ဓားနဲ့ထိုးခဲ့တဲ့
လူတစ်ချို့ကြောင့်လို့ သူတို့မသိခဲ့ကြဘူး

ဒီလို ပြတ်သားသွားဖို့
လူတစ်ချို့ရဲ့ သင်ခန်းစာကို
ရရှိတာကြောင့်လို့ သူတို့ မသိခဲ့ကြဘူး

လူတစ်ချို့က
ကိုယ်အော်တာပဲ ကြားတယ်
ကိုယ့်ကို တိုက်ခိုက်ခံနေရတာကို မသိခဲ့ကြဘူး

ဒီလို လူတွေကြားမှာ
လူတစ်ယောက် ဂုဏ်သိက္ခာရှိစွာ
ရပ်တည်နိုင်ဖို့ မာနလေးတော့ ထားခွင့်ပြုပါ

ဆိုးဝါးတဲ့ အတိတ်ဆိုးတွေအတွက်
ရင့်ကျက်ခြင်းတစ်ခုရဖို့
မာနလေးတော့ ထားခွင့်ပြုပါ

ပေးဆပ်ခဲ့ရသလောက် မတန်တဲ့
မညီမျှတဲ့ အရင်းအနှီးတွေအတွက်
မာနလေးတော့ ထားခွင့်ပြုပါ.......
image

မာန အက်​​ကြောင်း | Ecency