ဟုတ် ကျနော်မှာ ရန်သူတွေရှိပါတယ် ၊ ရန်သူဆိုတာကတော့ ဘက်စုံပေါ့နော် တနည်းပြောရရင် မကျေနပ်ခြင်းက စတဲ့ ရန်သူတွေလို့ပဲ သဘောထားဗျာ။
ဟုတ် ကျနော်ကျေးဇူးတင်ပါတယ် သူတို့ကို ၊ သူတို့ကြောင့် ကျနော်ကို ချစ်ခင်တဲ့ သူတွေကို မြတ်နိုးမှုထားတတ်လာတယ် တန်းဖိုးထားတတ်လာတယ်လေ။
ဟုတ်တာပေါ့ မနာလိုတဲ့သူတွေလဲ ရှိတာပေါ့၊ သူတို့ကို ကျေးဇူးတင်ပြီးသားပါ ၊အဲ့ဒီ မနာလိုမှူတွေက ကျနော်ကို အားကျတဲ့သူတွေက ပိုပြီး ဂရုစိုက်လာကြတယ်လေ။
ကျနော် စွန့်ပစ်ခံရဖူးလားတဲ့ ၊ ဖြစ်ဖူးတာပေါ့ ပြုံးပြုံးလေး ကျေးဇူးတင်မိတယ်၊ သူ့ကြောင့်လဲ ကျနော်ကို တကယ်မစွန့်လွှတ်နိုင်တဲ့သူကို ပိုင်ဆိုင်လာရတယ်လေ။
ကျနော့်ကို ချောက်ချတဲ့သူလား ရှိတာပေါ့ ရှိမှရှိ ၊ ကျေးဇူးတင်စရာကောင်းပါတယ် ၊ သူတို့တွေက တွန်းချလေ ကယ်တင်မဲ့သူတွေက ပေါ်လာလေပဲလေ။
ကျနော်ကို ဘယ်သူတွေက အဆိုးဆုံတွေ ဖြစ်စေသလဲ ကျနော် ဂရုမစိုက်ပါ ၊ ဘယ်သူတွေကများ ရှုံးနိမ့်စေချင်ခဲ့သလဲ ကျနော်တွက် အရေးမကြီးခဲ့ပါ၊
ကျနော်ကို အကောင်းဆုံးဖြစ်စေချင်တဲ့ သူတွေ ၊ အကောင်းဆုံး ပံ့ပိုးခဲ့သူတွေက ကျနော်တွက် အရေးပါနေခဲ့ပါတယ်။
@moethte..