Mother

moelay(30)
Published in
#love
Words
84
Reading
1 min
Listen
Play
8y

တစ်ခါတုန်းကပေါ့ . . .
နတ်ပြည်မှာ နတ်သားတစ်ပါး စုတေပြီး လူ့ပြည်မှာ လူကလေးအဖြစ်မွေးဖွားရတော့မယ့်
အချိန်ရောက်လာသတဲ့။
နတ်သက်ကြွေတော့မယ့်နတ်သား နတ်မင်းကြီးကိုမေးတယ်။
အကူအညီမဲ့တဲ့ ကလေးပေါက်စဘ၀နဲ့ လူ့ဘ၀မှာ ဘယ်လိုနေရမှာတုန်း

အဖြေကတော့ နတ်မိမယ်တွေအများကြီးရှိတဲ့အနက်က မင်းအတွက် နတ်မိမယ်တစ်ပါးငါရွေးချယ်ပေးပါ့မယ်၊ သူကမင်းကိုစောင့်ရှောက်လိမ့်မယ် ဆိုတော့ နတ်သားက -
ဒါပေမယ့် ကျွန်တော်က ပျော်ရွှင်ရယ်မောတာနဲ့ တေးသီချင်းဆိုတာပဲလုပ်ပြီး ကျေနပ်ပျော်ရွှင်နေခဲ့တယ်။ လူပြည်ရောက်ရင်ရော လို့မေးတယ်။
အဲ့ဒီတော့ လူ့ပြည်ရောက်ရင် နတ်မိမယ်က မင်းကိုတေးသီချင်းတွေဆိုပြမယ်၊ ချိုမြတဲ့အပြုံးတွေနဲ့ နေ့စဉ်ပြုံးပြမယ်၊ နတ်မိမယ်ရဲ့ ချစ်ခြင်းမေတ္တာကိုခံယူရပြီး အရမ်းပျော်ရွှင်ရပါလိမ့်မယ်။
ဟိုရောက်တော့ လူတွေက ကွိကွိကွကွ အမျိုးမျိုးလာပြောကြတဲ့အခါ ကျွန်တော်ကသူတို့ပြောတဲ့ဘာသာစကားမပြောတတ်ရင် ဘယ်လိုလုပ်မလဲ
မင်းဘ၀မှာတစ်ခါမှမကြားဖူးတဲ့ အင်မတန်ချိုသာအေးမြတဲ့လေသံလေးနဲ့ ချစ်စဖွယ်စကားလုံးလှလှလေးတွေကို နတ်မိမယ်ကပြောလိမ့်မယ်၊ နတ်မိမယ်ကပဲ မင်းကိုကာကွယ်စောင့်ရှောက်ပေးပါလိမ့်မယ်၊ သူ့အသက်ကိုစွန့်ရမယ်ဆိုရင်တောင်မှ အသက်နဲ့ရင်းပြီးမင်းကို ကာကွယ်ပါလိမ့်မယ်
နတ်မင်းကြီးနဲ့တွေ့ရမှာမဟုတ်တော့လို့ ၀မ်းနည်းတာအမှန်ပါ လို့သူကပြောတော့ နတ်မင်းကြီးက -
ဝမ်းမနည်းပါနဲ့၊ နတ်မိမယ်ကမင်းကို ကောင်းမှုကုသိုလ်တွေ ဘယ်ပုံဘယ်နည်းလုပ်ရမယ်ဆိုတာ သင်ပြပေးပါလိမ့်မယ်၊ ကောင်းတဲ့အမှုပြုရင် တို့နဲ့ မဝေးပါဘူး
အဲ့လိုပြောနေဆဲမှာနတ်သားစုတေလို့ နတ်သက်ကြွေချိန်ကျရောက်လာတယ်၊ နတ်သားကခပ်မြန်မြန်ပဲ
အိုနတ်မင်းကြီး၊ ကျွန်တော်ခုပဲသွားရတော့မယ်၊ ကျွန်တော်မသွားသေးခင်မှာ နတ်မိမယ်ရဲ့အမည်ကို ဘယ်လိုခေါ်ရမလဲ ခပ်မြန်မြန်ပြောပါ ဆိုတော့ နတ်မင်းကြီးက တစ်ခွန်းထဲပြန်ပြောလိုက်တယ်။
အမေ တဲ့. . .
image

Mother | Ecency