Money is time

moelay(30)
Published in
#money
Words
219
Reading
1 min
Listen
Play
8y

ပိုက်ဆံမရှိတဲ့အခါ အိမ်မှာပဲ သက်သတ်လွတ် စားတယ်
ပိုက်ဆံရှိလာတော့ ဆိုင်ကောင်းကောင်းမှာ သက်သတ်လွတ် သွားစားတယ်

ပိုက်ဆံမရှိတဲ့အခါ စက်ဘီး စီးတယ်
ပိုက်ဆံရှိလာတော့ လေ့ကျင့်ခန်းလုပ်တဲ့ စက်ပေါ်မှာ စက်ဘီး သွားနင်းတယ်

ပိုက်ဆံမရှိတုန်းက အစာရှာဖို့ လမ်းလျှောက်ရတယ်
ပိုက်ဆံရှိလာတော့ အဆီချဖို့ လမ်းလျှောက်ရပြန်တယ်

အို လူတွေ လူတွေ ကိုယ့်ကိုကိုယ် လှည့်စား နေကြတာပါပဲလား

ပိုက်ဆံမရှိတုန်းကတော့ အိမ်ထောင်ပြုချင် နေကြပြီး ပိုက်ဆံရှိလာပြန်တော့ ကွာရှင်းဖို့ စဉ်းစားကြပြန်ရော

ပိုက်ဆံမရှိတဲ့အခါ ကိုယ့်မိန်းမကိုပဲ အတွင်းရေးမှုး ပြန်ခန့်ထားရပေမယ့် ပိုက်ဆံချမ်းသာလာတော့ အတွင်းရေးမှုးက မိန်းမ ဖြစ်လာ တယ်

ပိုက်ဆံမရှိစဉ်တုန်းက ချမ်းသာချင်ယောင် ဆောင်ခဲ့ပြီး ပိုက်ဆံလည်းရှိလာရော ဆင်းရဲချင်ယောင် ဆောင်ရပြန်တယ်

လူတွေ အို လူတွေ တစ်ခါမှကို အမှန်
မပြောနိုင်ကြပါလား

ဈေးတင်ရောင်းတာ မကောင်းဘူးပြောပြီး ဈေးကစားနေတာလည်း သူတို့ပဲ

ငွေဆိုတာ မကောင်းတဲ့ မိစ္ဆာလို့ ဆိုကြ
ပေမယ့်လည်း အဲဒီ ငွေနောက်ပဲ လိုက်ပြီး လောဘရဲ့သားကောင် ဖြစ်နေကြတယ်

နေရာမြင့်ရင် အထီးကျန်တယ်လို့ ဆိုကြပြီး အဲဒီနေရာကိုပဲ တပ်မက်မောနေကြတယ်

အသောက်အစား လောင်းကစား မကောင်းဘူး ပြောကြပေမယ့် အရသာတွေ့ မွေ့လျော်နေကြတာလည်း လူတွေပဲ

လူတွေ အို လူတွေ အပြောနဲ့အလုပ်က တခြားစီ

ဘဝဆိုတာ မလုပ်နိုင်တာတွေအတွက် စိတ်ပျက်နေဖို့ မဟုတ်ဘဲ လုပ်နိုင်တာလေး တွေ လုပ်သွားဖို့အတွက် ဖြစ်တယ်

အံ့သြဖွယ်ရာတွေဆိုတာ နေ့စဉ်နဲ့အမျှ ဖြစ်ပျက်နေလို့ ဘယ်တော့မှ အရှုံးမပေးဘဲ စောင့်သာ ကြည့်နေလိုက်ပါ

ပိုက်ဆံနှစ်ရာလောက်က သူတောင်းစားကို ပေးဖို့ များနေလွန်းပေမယ့် ကာရာအိုကေမှာ မုန့်ဖိုးပေးဖို့တော့ မနှောမြောကြဘူး

တနေကုန် အလုပ်လုပ်ပြီးလို့ ဂျင်မှာ သွား ကစားရမှာ မမောပေမယ့် အိမ်မှာ အမေကို ကူဖို့ကြတော့ ဝန်လေးနေကြတယ်

၃ မိနစ်လောက်လေး တရားထိုင်ရမှာ အချိန် များလွန်းနေပေမယ့် ၃ နာရီလောက်တော့ ရုပ်ရှင် အသာလေး ထိုင်ကြည့်နိုင်တယ်

ဗယ်လင်တိုင်းဒေး ရောက်ဖို့ တစ်နှစ်လုံး
စောင့်နေကြပေမယ့် အမေ့မွေးနေကိုတော့
မေ့နေကြတယ်

လမ်းပေါ်က ဗိုက်ဆာနေတဲ့ ကလေးတွေကို
ပေါင်မုန့်တစ်ချပ်တောင် မပေးပေမယ့် ပန်းချီကားတစ်ချပ်ကျတော့ သိန်းချီပြီး ပေးဝယ်ကြတယ်

ဟာသတွေဆိုရင် ရှယ်လုပ်ဖို့ နှစ်ခါပြန် မစဉ်းစားပေမယ့် ဒီလို စာမျိုးကျတော့ လက်တွန့်
နေကြတယ်

စဉ်းစားကြည့်ပါ

ပြောင်းလဲပါ

သေပြီးရင်တောင် ရနေအုံးမယ့် အရာတွေ လွယ်လွယ်လေး လုပ်နိုင်ပါတယ်

တစ်ယောက်ယောက်ကို အပြုံး လက်ဆောင်
လေး ပေးလိုက်ရင်လည်း သူ့အတွက် တစ်နေ့ တာကို ကိုယ်က ရသွားတာပါပဲ

ဆေးရုံမှာ တွန်းလှည်း လှုတယ်ဆိုရင် အဲဒီ တွန်းလှည်းကို နေမကောင်းသူတွေ အသုံးပြုတိုင်း ကိုယ်က ကုသိုလ် ရနေတာပဲ

မိဘမဲ့ဂေဟာ စာသင်ကျောင်းနဲ့ ဆေးရုံတွေမှာ လှုဒါန်းတာဟာ လူတိုင်း အသုံးပြုဖို့ ဖြစ်လို့ အမြဲတမ်း ပြန်ရနေမယ့် ကုသိုလ် ကောင်းမှုတွေ ဖြစ်တယ်

အများပြည်သူ သွားလာတဲ့နေရာတွေမှာ ရေသန့်စက်လေး ထားပေးလိုက်ရင်လည်း လူတိုင်း ရေသောက်ကြမှာမို့ ကုသိုလ်ရနေမှာပဲ

သစ်ပင်စိုက်တာဟာလည်း အရိပ်ရဖို့အတွက်
ဖြစ်လို့ ဒါလည်းကောင်းမှုကုသိုလ်ပါပဲ

ကားမောင်းနေရင်းနဲ့လည်း လမ်းတောင်းနေတဲ့ကားတွေ့လို့ စက္ကန့်ပိုင်းလောက် ရပ်ပေးတာကလည်း ကိုယ့်ကြောင့်သူများအဆင်ပြေသွားသဖြင့် ကောင်းမှုကုသိုလ်တစ်ခုပါပဲ

ဒါကြောင့်ကုသိုလ်ဆိုတာယူတတ်ရင် ပိုက်ဆံမရှိလည်း ကုသိုလ်ယူလို့ရပါတယ်။

အားလုံးထဲမှာ အလွယ်ဆုံးကတော့ ဒီစာကို ရှယ်လိုက်လို့ တစ်ယောက်ယောက်က ကုသိုလ်တစ်ခုခုကို လုပ်ဖြစ်သွားရင် ကိုယ်လည်း ကုသိုလ် ရတာပဲမဟုတ်လားimage

Money is time | Ecency