world war (2)

Words
106
Reading
1 min
Listen
Play
8y

image
image Source:(google)
စစ်ဦးဘီလူးထွက် ထွက်လာသည့် ဂျာမနီကို တစ်ကမ္ဘာလုံးကအံ့ဩခဲ့ကြသည်။ဂျာမန်တပ်တို့၏ တိုက်ခိုက်ပုံများမှာ အနှစ်နှစ်အလလက ကြိုတင်၍ သေချာစွာ ပြင်ဆင်မှု ရှိသကဲ့သို့ အချက်ကျကျ အရာရောက်ရောက်နှင့် ထိမိစွာ တိုက်ခိုက်နိုင်သည်။ဂျာမနီ၏စစ်တပ်အင်အားမှာ ဥရောပ တစ်တိုက်လုံး၌ အကြီးမား အထင်ရှားဆုံး ကဲ့သို့ ဖြစ်ခဲ့သည်။ ဂျာမနီသည် တစ်လအတွင်း ပြင်သစ်အား သိမ်းပိုက်ပြီးမှ ရုရှားကို တိုက်ခိုက်ရန် ရည်ရွယ်ထားသည်။ ထို့အပြင်ဗြိတိန်ကိုသိမ်းသွင်းပြီးအရှေ့ဘက်သို့ နယ်ချဲ့ရန်၊ ဗော်လကန်နယ်များကို သိမ်းသွင်းရန် အစီအစဉ်လည်း ရှိလေသည်။
ဂျာမနီသည် ကြိုတင်စီစဉ်ထားသည့်အတိုင်း ပြင်သစ်အားပိုမိုလျင်မြန်လွယ်ကူစွာသိမ်းပိုက်နိုင်ရန် ဘယ်လဂျီယမ်နိုင်ငံထံ ဖြတ်သန်းခွင့် တောင်းခံခဲ့သည်။ဘယ်လဂျီယမ်မှာကြားနေနိုင်ငံဖြစ်ရာ ဖြတ်သန်းခွင့် မပေးခဲ့ချေ။ ထိုအခါ ဂျာမနီသည် ဇွတ်အတင်းဖြတ်ကျော်လေသည်။ ဗြိတိန်သည် ဘယ်လဂျီယမ်တွင်ဂျာမန်တပ်များ ရှိနေပါကအင်္ဂလန်ကျွန်း၏လုံခြုံရေးကိုစိုးရိမ်ရသည်ကတစ်ကြောင်း၊ဘယ်လဂျီယမ်၏ကြားနေရေးကိုအာမခံထားသည့်အပြင်ယင်းကိုထိပါးလာပါကကူညီပါမည်ဟုစာချုပ်ချုပ်ထားည်က တစ်ကြောင်းတို့ကြောင့်ဘယ်လဂျီယမ်ဘက်မှ ကူညီတိုက်ခိုက်ရန် အကြောင်းပြု၍ ဂျာမနီမှ ဘယ်လဂျီယမ်အား စတင်တိုက်ခိုက်သည့် ဩဂုတ်လ ၄ ရက်နေ့မကုန်မီမှာပင် စစ်ကြေငြာကာ စစ်ထဲပါဝင်လာသည်။ ဂျပန်သည် ဗြိတိန်နှင့် ချုပ်ဆိုထားသော မဟာမိတ်စာချုပ်အရ မကြာမီ ဗြိတိန်ကို ကူညီရန် စစ်ကြေငြာကာ စစ်ထဲဝင်ခဲ့သည်။ အခြား ဟန်ဂေရီ၊ ဘူလ်ဂေးရီယား၊ တူရကီစသော နိုင်ငံများကလည်း ဂျာမနီနှင့် ဩစတြီးယားဘက်မှ စစ်ထဲဝင်လာကြရာ ဗဟိုအင်အားကြီးနိုင်ငံများဟု ခေါ်သော ထိုနိုင်ငံများကတစ်ဘက်ရုရှား၊ပြင်သစ်၊အင်္ဂလိပ်စသော မဟာမိတ်နိုင်ငံများကတစ်ဘက် စစ်ရေးပြိုင်ကြသည့် ပထမကမ္ဘာစစ်ကြီး ဖြစ်ပေါ်လာခဲ့သည်။
image
image Source:(google)
ဘယ်လဂျီယမ်သည် ရှိသမျှစစ်သား၂သန်းခန့်နှင့်အင်အားကြီးမားသော ဂျာမန်စစ်တပ်ကြီးကို ရက်သတ္တ ၂ ပတ်မျှ ကြာအောင် ခုခံတွန်းလှန်နေခဲ့သဖြင့် ပြင်သစ်အဖို့ ဂျာမန်များဝင်ရောက်မည့် လမ်းများတွင် စစ်အင်အား ထပ်ဖြည့်ထားရန် အချိန်ရခဲ့သည့်အပြင်ပြင်သစ်နိုင်ငံမြောက်ပိုင်းသို့ ရှိသမျှသော အင်္ဂလိပ်စစ်တပ်များကိုလည်း တင်ပို့နိုင်ခဲ့သည်။ထိုသို့မဟာမိတ်များဘက်တွင်စစ်အင်အားဖြည့်တင်းရန်အချိန်ရရှိသွားသည့်အတွက်ဂျာမနီမှစစ်ကိုလျင်မြန်စွာအနိုင်နှင့်ပိုင်းရန်ရည်မှန်းချက်ကြီးပျက်ပြားရသည်။ဆားဗီးယား စစ်တပ်ကြီး အယ်ဘီးနီးယားသို့ ချီတက်စဉ်ဘယ်လဂျီယမ်အာဇာနည်စစ်သည်များသည်အစွမ်းကုန်ကြိုးစားတွန်းလှန်ကြသော်လည်းဂျာမနီ၏ကြီးမားတောင့်တင်းလှသောဒဏ်ကိုမခံနိုင်ပဲဩဂုတ်လ၁၅ရက်နေ့တွင်လီအေ့ခံတပ်ကြီးကျိုးပေါက်သွားပြီးနောက်၎ရက်မျှအကြာတွင်ဗရပ်ဆဲမြို့တော်ကြီးကျဆုံးခဲ့ရလေသည်။ဘယ်လဂျီယမ်အစိုးရအဖွဲ့လည်းပြင်သစ်နိုင်ငံသို့ပြောင်းရွှေ့သွားရသည်။

world war (2) | Ecency