တွေ့ပြန်ပြီပေါ့ တစ်ခါ

Words
121
Reading
1 min
Listen
Play
7y

ဒီနေ့လဲ ဂြိုဟ်တစ်လုံး ထပ်တွေ့ပြန်ပါပြီ။ ကျွန်တော့် အကောင့်ကနေ မဟုတ်ပဲနဲ့ suyutu@suyutu အကောင့်ကနေ တွေ့တာ ဖြစ်ပါတယ်။ အခုတစ်ခါတော့ တန်းပြီးတော့ မလွှဲတော့ပါဘူး။ အနည်းငယ် ရှာဖွေလိုက်ပါဦးမယ်။ ပြီးမှပဲ လွှဲလိုက်မှာ ဖြစ်ပါတယ်။ ဒီလိုမျိုးလေး နေ့တိုင်းတွေ့နေရင်တော့ အတော်ကို ကောင်းမှာ ဖြစ်ပါတယ်။

နာမည်ကတော့ 17_Kurenai_UA_B လို့ ပေးထားပါတယ်။ Kurenai ဆိုတာကတော့ ဂျပန် နာမည်ဖြစ်ပြီး ကြက်သွေးရောင်လို့ အဓိပ္ပာယ် ရပါတယ်။ ဒါပေမဲ့ ဂြိုဟ်ကတော့ ကြက်သွေးရောင် ပေါက် မနေပါဘူး။ ဒီနာမည်နဲ့ ဇာတ်ကောင်တစ်ကောင် Naruto ဇာတ်ကားထဲမှာ ရှိပါတယ်။ Kurenai Yuhi လို့ခေါ်ပါတယ်။ Asuma ရဲ့ အမျိုးသမီး ဖြစ်ပါတယ်။ Team 8 ကို ကြီးကြပ် သင်ကြားပေးရတဲ့ သူ ဖြစ်ပါတယ်။ သူ့ခင်ပွန်း ဖြစ်သူ တိုက်ပွဲမှာ ကျဆုံးသွားပြီးတဲ့ နောက်မှာ ကလေး တစ်ယောက်နဲ့ ကျန်ရစ်ခဲ့ပါတယ်။


Image Source

NextColony ကတော့ ဂြိုဟ်ရှာတွေ့ရင် ပျော်ဖို့ ကောင်းပါတယ်။ မတွေ့ခဲ့ ရင်တော့ စိတ်ညစ်ဖို့ ကောင်းပါတယ်။ ဂြိုဟ် ရှာမတွေ့တဲ့ ရက်တွေများလာခဲ့ရင် ကိုယ့်ဘာသာကိုယ် စိတ်ဓာတ်ကျလာတတ်ပါတယ်။ ဒါပေမဲ့ စိတ်ဓာတ်မကျပါနဲ့။ တစ်လုံး ရှာတွေ့ရင် နောက်တစ်လုံးကလဲ သူနဲ့ ကပ်ရက်မှာ ရှိနေတတ်ပါတယ်။ တစ်နေ့ထဲ ဂြိုဟ်သုံးလုံးလောက် ရှာတွေတတ်သလို သုံးရက်အတွင်းမှာလဲ ဂြိုဟ် ခုနှစ်လုံးလောက် ရှာတွေ့တတ်ပါတယ်။ အဲဒီလို တွေ့ဖို့ကတော့ explore တွေ အလုံးအလောက် ရှိရမှာ ဖြစ်ပါတယ်။ တစ်ဆက်ထဲမှာပဲ mission control skill ကို အတတ်နိုင်ဆုံး လယ်ဗယ် မြှင့်ထားဖို့ လိုပါတယ်။ ကံကောင်းကြပါစေဗျာ။



Posted from my blog with SteemPress : http://steemhosting.com/myanmarpress/?p=495
တွေ့ပြန်ပြီပေါ့ တစ်ခါ | Ecency