Tokenization

Words
158
Reading
1 min
8y
Listen to this post
~1 min

အခုတလော တိုကင်လုပ်တာက အတော်ကို စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ crystalhuman@crystalhuman ကတော့ သူ့ရဲ့ တိုကင်ကို စလုပ်လိုက်ပါပြီ။ သူလုပ်တဲ့ပုံစံကတော့ သူ့ပိုစ့်ကို အပ်ဗုတ်ပေးမယ်၊ မန့်ပေးမယ်၊ ရီစတင်းလုပ်ပေးမယ်ဆိုရင် တိုကင်ပေးမယ်ပေါ့။ အဲဒီ တိုကင်ကို Steem Monsters Poker ပြိုင်ပွဲတွေမှာ ဝင်ကြေးအဖြစ်နဲ့ ပြန်ပေးရမယ်လို့ ပြောပါတယ်။ သူ့ တိုကင်ကို ပြန်သိမ်းနဲ့ နည်းလမ်းပေါ့။ အဲဒီတော့ ပြိုင်ပွဲဝင်ချင်တဲ့ သူတွေက သူ့ပိုစ့်ကို အရင် အပ်ဗုတ်၊မန့် တွေ ပေးရတော့မှာပေါ့။ သူ့ တိုကင်ရဲ့ နာမည်ကို SMPT(Steem Monsters Poker Token) လို့ခေါ်ပါတယ်။


Image Source

သူ့ရဲ့ တိုကင်ကို ဒီဇိုင်းလုပ်ခိုင်းတာပါ။ 100 SMPT ပေးမယ်လို့ ဆိုပါတယ်။

ကျွန်တော့်အနေနဲ့ တိုကင် တစ်ခုလုပ်ပြီး ရင်ရော ဘယ်လို သုံးရမလဲ

စတင်း ဘလော့ချိန်းမှာက အားသာချက်တစ်ခုရှိပါတယ်။ အဲဒါက လွှဲခမကုန်တာပါ။ နောက်တစ်ခုကတော့ မြန်တာပါ။ ၃ စက္ကန့်ပဲ ကြာပါတယ်။ ဒါပေမဲ့ အားနည်းချက်တွေကလဲ ရှိနေပြန်ပါတယ်။ password က ပျောက်လို့ မရပါဘူး။ နောက်ပြီးတော့ ငွေလွှဲဖို့ကို bandwidth လိုပါတယ်။ SP အနည်းငယ်လိုပါတယ်။ အကောင့်က အလကား မရပါဘူး။ အနည်းဆုံး တစ်ထောင်ကျော်လောက်ပေးရပါတယ်။

တိုကင်တစ်ခု ရယ် app တစ်ခုရယ် wallet တစ်ခုရယ် လုပ်နိုင်မယ်ဆိုရင်တော့ ရပါလိမ့်မယ်။ ဒါပေမဲ့ ဘယ်နေရာမှာ သုံးကြမှာလဲ။ လွှဲခမကုန်တဲ့အတွက် ငွေကို မကြာခဏလွှဲနေရတဲ့သူတွေက တော့ အဆင်ပြေမယ်ထင်ပါတယ်။ ပြန်ထုတ်တဲ့ အချိန်မှာတော့ ဘဏ် ဒါမှမဟုတ် အခြား ငွေကြေးဝန်ဆောင်မှု တစ်ခုခုကို အားကိုးရမှာ ဖြစ်ပါတယ်။ ဒါကို ဘယ်လို ကျော်လွှားနိုင်မလဲ။ လူတွေ လက်ထဲ တိုကင်တွေ ရောက်သွားအောင်၊ သူတို့ ပိုက်ဆံ ပြန်ထုတ်တဲ့ အချိန်မှာ လွယ်ကူအောင်၊ ဘယ်လိုလုပ်နိုင်မလဲ။

အရောင်းဆိုင်တွေကို မက်လုံးတစ်ခုပေးပြီး လုပ်ခိုင်းရင်ရော ရနိုင်မလား။

ဥပမာ တိုကင်တစ်ခုကို တစ်ကျပ်ဆိုပါစို့။ သိန်းငါးဆယ်ဖိုး ဝယ်ထားတဲ့သူကို တစ်လကို ငါးသောင်းပေးမယ်ဆိုရင် စိတ်ဝင်စားနိုင်မလား။ ငါးသောင်းကို ပိုက်ဆံ အနေနဲ့ မပေးပဲ တိုကင်အနေနဲ့ ပေးမယ်ဆိုရင်ရော…

စဉ်းစားရင်းနဲ့ ခေါင်းရှုပ်လာနေပြီ။ ဘယ်လောက် အထိ လုပ်နိုင်မှာလဲ တော့ မသိဘူး။



Posted from my blog with SteemPress : https://www.steemhosting.com/mmunited/tokenization/
Tokenization | Ecency