SM ကို စွန့်လွတ်ရတော့မှာလား

mmunited(67)
Published in
#game
Words
128
Reading
1 min
Listen
Play
8y

အခုအချိန်မှာတေ့ SM ကို စွန့်လွတ်ဖို့ စဉ်းစားရပါတော့မယ်။ SM က ကျွန်တော်တို့ကို အကျိုးပြုခဲ့တာတွေလဲ ရှိပါတယ်။ ကျွန်တော်က စစချင်းကထဲက လုပ်ခဲ့တာဆိုတော့ အကျိုးအမြတ် အတော် ရခဲ့ပါတယ်။ သူ့ကို ဆက်မကစားဖို့ စဉ်းစားရတာကတော့ ဆက်ကစားဖို့ မတန်တော့ဘူးထင်လို့ပါ။ အဓိက အချက်ကတော့ စစချင်းထဲက လုံလောက်အောင် မရင်းနိုင်ခဲ့ပါဘူး။ ထိပ်ဆုံးပိုင်းရောက်အောင် မရင်းနိုင်ခဲ့ပါဘူး။ ပထမပိုင်းထိပ်ဆုံးပေါင်း ရောက်အောင် ကဒ်တွေ အကုန်လယ်ဗယ်တင်နိုင်ခဲ့ရင်တော့ ဆက်ကစား ဖြစ်ဦးမှာပါ။ ပြန်ရောင်းဖို့လဲ ခက်ပါလိမ့်မယ်။ အခုအချိန်မှာတော့ ကဒ်တွေ အတော်များများကို လဲ ရောင်းပြီးနေပါပြီ။

Tournament တွေ စတာကလဲ နောက်ကျတယ်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ Tournament တွေကို ဝင်ပြိုင်ပေမဲ့ အနိုင်တော့ မရခဲ့ပါဘူး။ ပထမပိုင်းမှာတော့ ကဒ်တွေကို ရောင်းစားနေရုံပဲ ဆိုတော့ အဆင်ပြေပါတယ်။ နောက်ပိုင်းကျတော့ ရတဲ့ ကဒ်တွေ က တန်ဖိုးနည်းလာပါတယ်။ ဂိမ်းကစားရတာကလဲ ကြာလေခက်လေပါပဲ။ ကစားလို့ နိုင်တော့လဲ ရလာတဲ့ကဒ်တွေက မက်စရာ မရှိပါဘူး။ အဲဒီတော့ ရပ်တန့်လိုက်ဖို့ပဲ စဉ်းစားပါတော့တယ်။

ရပ်လိုက်ပြီးရင်တော့ ဖျက်သင့်တဲ့ ကဒ်တွေ ကို ဖျက်မှာ ဖြစ်ပါတယ်။ ပြီးတော့ရောင်းသင့်တဲ့ ကဒ်တွေကို ရောင်းမှာ ဖြစ်ပါတယ်။ အခုလောလောဆယ်တော့ magicdice ကစားနေပါတယ်။ ပြီးခဲ့တဲ့ ပိုစ့်မှာ ရေးခဲ့ပြီးပါပြီ။ အဓိကကတော့ မရှုံးအောင် ကစားဖို့ပါပဲ။ မရှုံးခဲ့ဘူးဆိုရင်တော့ အချိန်ကြာကြာ ကစားလာတဲ့နဲ့ အမျှ Steem တွေ ပိုရလာမှာပါ။

သူရတဲ့ အမြတ်ထဲက ၄၀% ကို token holder တွေကို ခွဲဝေပေးပါတယ်။ သူ့ဆီကို SPdelegate လုပ်ထားရင်လဲ toekn ခွဲပေးပါတယ်။ အတော်တော့ စိတ်ဝင်စားစရာ ကောင်းပါတယ်။ တကယ်လို့ ကစားချင်ရင်တော့ အောက်ကလင့်ခ်ကို သုံးပေးပါ။

My referral Link: https://magic-dice.com/?ref=mmunited



Posted from my blog with SteemPress : https://www.steemhosting.com/mmunited/sm-%e1%80%80%e1%80%ad%e1%80%af-%e1%80%85%e1%80%bc%e1%80%94%e1%80%b9%e1%80%b7%e1%80%9c%e1%80%bc%e1%80%90%e1%80%b9%e1%80%9b%e1%80%b1%e1%80%90%e1%80%ac%e1%80%b7%e1%80%99%e1%80%bd%e1%80%ac%e1%80%9c/
SM ကို စွန့်လွတ်ရတော့မှာလား | Ecency