NextColony: Explorer II

Words
139
Reading
1 min
Listen
Play
7y

Explorer II ကတော့ ထွက်လာပါပြီ။ အားလုံး မျှော်လင့်ထားသလို မဟုတ်တာကတော့ Steem နဲ့ ဝယ်ရတာပဲ ဖြစ်နေပါတယ်။ Explorer ထက် ခြောက်ဆပိုမြန်ပါတယ်။ ခြောက်ဆလဲ ကုန်ကျစရိတ်ပိုများပါတယ်။ တွေ့နိုင်တဲ့ အခွင့်အလမ်းကတော့ ပိုများလာပါတယ်။ ဒါပေမဲ့ ခပ်ဝေးဝေးကို စေလွှတ်မှပဲ တွေ့နိုင်မှာ ဖြစ်ပါတယ်။ အနီးအနားမှာပဲ ဆိုရင်တော့ ခြောက်ဆမြန်နှုန်းအတွက် ခြောက်ဆပိုပြီး အကုန်ခံရတဲ့ သဘောပဲ ဖြစ်နေမှာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ blueprint ကို ဝယ်ထားပြီးပါပြီ။ ဒါပေမဲ့ အခုထက်ထိ မထုတ်လုပ်နိုင် သေးပါဘူး။ ကုန်ကျစရိတ်က အရမ်းများတဲ့အတွက် လိုအပ်တဲ့ storage တွေကို တင်နေတုန်းပဲ ရှိပါသေးတယ်။ ပြီးရင် မိုင်းတွေကို အဆင့်မြှင့်တင်ရဦးမှာပါ။ ဒီနောက်ပိုင်းမှာတော့ ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။

Explore II ကို ကိုယ့်အနီးပတ်ဝန်းကျင်မှာ ရှာဖွေစရာ နေရာလွတ်မရှိသေးတဲ့ သူတွေ သုံးနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလို သုံးဖို့အတွက် ပိုက်ဆံ အရင် အကုန်အကျခံ ရမှာ ဖြစ်ပါတယ်။ ဂြိုဟ်အသစ်တစ်လုံး ဝယ်လိုက်တာကမှ သက်သာဦးမယ်ထင်တယ်။ ဒါမှ မဟုတ်ရင်လဲ အခြားနေရာ သစ်တစ်ခုမှာ ဂြိုဟ်ရှာချင်တဲ့ သူတွေ အသုံးပြုမှာ ဖြစ်ပါတယ်။

ခပ်ဝေးဝေး နေရာ တစ်ခုကို လျှင်လျှင်မြန်မြန် ရှာဖွေ နိုင်တယ်ဆိုတဲ့ အားသာချက်တစ်ခုပဲ ရှိပါတယ်။ နောက်ဆုံးမှာတော့ mission control ကို အဆင့်မြှင့်တင်ထား နိုင်တဲ့သူတွေပဲ အကျိုးရှိသွားမှာ ဖြစ်ပါတယ်။ F2p သမားတွေကတော့ မလွယ်လှပါဘူး ခင်ဗျာ။

Explorer II ရဲ့ ပေါက်ဈေးက 50 Steem ကျော်ပါတယ်။ Common ဂြိုဟ် တစ်လုံးဝယ်လို့ရပါတယ်။ Explorer II နဲ့ ရှာလို့ common ပဲ ရှာတွေ့ရင်တော့ ရှုံးမှာ ဖြစ်ပါတယ်။ Rare လောက်ရှာတွေ့မှပဲ အမြတ်ထွက်မှာ ဖြစ်ပါတယ်။ သူကတော့ ဂြိုဟ်ရှာတွေ့နိုင်ချေ ၅ ဆ ကျော်ပိုများပါတယ်။ ဒီအချက်ကိုပဲ အားကိုးရမယ်လို့ ထင်ပါတယ်။



Posted from my blog with SteemPress : http://steemhosting.com/myanmarpress/?p=9
NextColony: Explorer II | Ecency