NextColony ကို ဘယ်လို ကစားမလဲ

Words
162
Reading
1 min
Listen
Play
7y

ဂြိုဟ်အသစ်တစ်လုံးတွေ့ပြီ ဆိုပါစို့ ကျွန်တော်တို့မှာ ရွေးချယ်စရာ နှစ်ခု ရှိပါတယ်။ တစ်က chest တစ်ခုခု ဝယ်မလား။ နှစ်က ကိုယ့်မှာ ရှိပြီးသား rss တွေကိုပဲ ရလာတဲ့ ဂြိုဟ် အသစ်ဆီကို ပို့မလား။ ဒီနှစ်ခုထဲက တစ်ခုခုကိုတော့ ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ပထမ တစ်ခုကတော့ မြန်ပါတယ်။ ဒါပေမဲ့ Steem တော့ ကုန်ပါတယ်။ ဒုတိယ တစ်ခုကတော့ အနည်းငယ် ကြာပါတယ်။ ဒါပေမဲ့ ငွေကုန်တော့ သက်သာပါလိမ့်မယ်။ တတိယ စတုထ္ထ ရွေးစရာတွေတော့ ရှိပါသေးတယ်။ ဘာမှ မလုပ်ပဲနဲ့ ပစ်ထားတာတို့၊ သူများကို ရောင်းပစ်တာတို့ စတာတွေပဲ ဖြစ်ပါတယ်။

Rss တွေ ရလာပြီ ဆိုပါတော့။ ပထမဆုံး အဆင့်မြှင့်တင်ရမှာကတော့ mine တွေပဲ ဖြစ်ပါတယ်။ Small chest တစ်ခုဆိုရင် mine လယ်ဗယ် ၁၁ လောက်အထိ တင်လို့ ရပါတယ်။ Mine တွေကို အရင်မြှင့်ပါ။ ဒီကြားထဲမှာ Storage ကိုလဲ လယ်ဗယ် ၃ လောက်အထိ မြှင့်ထားဖို့ လိုပါတယ်။ Mine လယ်ဗယ် ၁၂ လောက် ရောက်ပြီ ဆိုရင် ကိုယ့်ရဲ့ လိုအပ်ချက်အရ အခြား အရာတွေကို အဆင့်မြှင့်တင်လို့ ရပါပြီ။

ကိုယ့်ဘေးနားမှာ အသုံးမပြုတဲ့ ဂြိုဟ်တွေ ရျှိတယ် ဆိုရင်တော့ storage တွေကို အလော သုံးဆင်မြှင့်တင်ဖို့ မလိုသေးပါဘူး။ Mine တွေက ထွက်လာတဲ့ rss တွေနဲ့ပဲ အဆင့်မြှင့်တင်ရမယ် ဆိုရင်တော့ storage တွေကို ဦးစားပေး မြှင့်တင်ရမှာ ဖြစ်ပါတယ်။

တစ်ကယ်လို့ ကိုယ်က စစ်အင်အားကို အမြန်ဖြည့်တင်း ချင်တယ် ဆိုရင်တော့ shipyard ကို ဦးစားပေး အဆင့်မြှင့်တင် ရမှာ ဖြစ်ပါတယ်။ ဒါမှ လိုအပ်တဲ့ ယာဉ်တွေကို ထုတ်လုပ်လို့ ရမှာ ဖြစ်ပါတယ်။ ဂြိုဟ်အသစ်တွေကတော့ သူ့ဂြိုဟ်မှာ တင် အဆင့်မြှင့်တင်မှုတွေနဲ့ အချိန်ကုန်နေဦးမှာ ဖြစ်ပါတယ်။ Skills တွေကို အဆင့်မြှင့်တင်ဖို့ ကိုတော့ ဂြိုဟ် အဟောင်းတွေ ကပဲ တာဝန်ယူထား ရမှာ ဖြစ်ပါတယ်။ အခုအချိန်မှာ တိုက်ပွဲတွေလဲ စနေပြီဆိုတော့ စစ်အင်အား မြန်မြန် ဖြည့်တင်းတဲ့ နည်းကပဲ ပိုပြီး အဆင်ပြေမယ်လို့ ထင်ပါတယ်။



Posted from my blog with SteemPress : http://steemhosting.com/myanmarpress/?p=488
NextColony ကို ဘယ်လို ကစားမလဲ | Ecency