ဒီနေ့ပဲ drugwars ကတော့ Future တိုကင်ကို ဒီကနေ့ပဲ စတင်ကြော်ငြာလိုက်ပါတယ်။ သူ့ရဲ့မူရင်းပိုစ့်ကို စကြီးတော့ ဖြန့်ချိလိုက်တဲ့အချိန်ကစပြီးတော့ ၄၈ နာရီအတွင်း daily pirze နဲ့ heist တွေမှာ စတင်ပြီး အပြောင်းအလဲကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သင့်အနေနဲ့ Steem တွေရတော့မှာ မဟုတ်တော့ပါဘူး။ အဲဒီအစား Future တိုကင်တွေ ရရှိမှာ ဖြစ်ပါတယ်။ သင့်ရဲ့ rank နဲ့လိုက်ပြီးတော့ သင်ရရှိမည့် တိုကင်အရေအတွက် ကွာခြားသွားနိုင်ပါတယ်။ နောက်ပြီးတော့ အများဆုံး ပိုက်ဆံရင်းနှီးနိုင်တဲ့ပမာဏ ကိုလဲ ကန့်သတ်သွားမှာ ဖြစ်ပါတယ်။ ဒါကတော့ bot တွေကို အပြီးသတ် အပြတ်ရှင်းပြီးတဲ့ အချိန်မှာ ဖြစ်လာနိုင်မှာ ဖြစ်ပါတယ်။
ဘာဖြစ်လို့ Future လိုသုံးတာလဲ။ ဘာဖြစ်လို့ Drugs လို့မသုံးတာလဲ။
ဒီ တိုကင်ကို ကျွန်တော်တို့ရဲ့ ပလက်ဖောင်းတွေ အကုန်လုံးပေါ်မှာ သုံးဖို့ရည်ရွယ်ထားပါတယ်။ နောက်ပြီးတော့ Drugs လို နာမည်ပေးလိုက်ရင် exchange တင်တဲ့အချိန်မှာ ပြဿနာ ရှိလာနိုင်ပါတယ်။
အခုပြောင်းလဲမည့်စနစ်မှာလဲပဲ နေ့စဉ် drugs ထုတ်လုပ်မှုနဲ့ heist ပေါ်မှာပဲ ဆက်လက်မူတည်နေဦးမှာ ဖြစ်ပါတယ်။ ဒီအတွက် Future token ကို ဂိမ်းထဲမှာ ဆက်လက်အသုံးပြုနေနိုင်မှာ ဖြစ်သလို နောက်ပိုင်းကျရင်တော့ exchange ပေါ်မှာ ရောင်းဝယ်လို့ရမှာ ဖြစ်ပါတယ်။ ဒီလို ဖြစ်လာဖို့အတွက် သိပ်ကြာကြာ မစောင့်ရတော့ပါဘူး။
ကျွန်တော်တို့ဆီမှာ ရှိနေသေးတဲ့ Steem တွေကို Future tokens ကို တန်းဖိုးမြှင့်တင် ဖို့အတွက် သုံးသွားမှာ ဖြစ်ပါတယ်။ (Token ကို Steem နဲ့ backup လုပ်ပေးထားမှာ ဖြစ်ပါတယ်). ဒီအတွက် ပထမဆုံး ဂိမ်းကစားတဲ့သူတွေကို သူတို့ရဲ့ Steem တွေကို ပြန်ရဖို့ အခွင့်အလမ်းကို ရရှိစေမှာ ဖြစ်ပါတယ်။ (ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ကတော့ ဒီတိုကင်တွေကို သိမ်းထားဖို့ အကြံပေးချင်ပါတယ်)
မိတ်ဆွေတို့အနေနဲ့ Drugwars ရဲ့ အပ်ဗုတ်ဆက်လက်ရရှိနေမှာ ဖြစ်ပါတယ်။ အခုလိ မျှဝေပေးတဲ့စနစ်ကို ဆက်လက်ကျင့်သုံးသွားမှာ ဖြစ်သလို SP delegate လုပ်ထားတဲ့သူတွေနဲ့ Future တိုကင်ကို သိမ်းဆည်းထားတဲ့သူတွေကို ပိုပြီး စိတ်ဝင်စားစရာ ကောင်းလာအောင် ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။
Posted from my blog with SteemPress : http://steemhosting.com/myanmarpress/?p=84