ဒါကတော့ FPL ရဲ့ main screen ပဲ ဖြစ်ပါတယ်။ Steem fantasy league မှာ ဝင်ပြိုင်နိုင်တဲ့ အကြောင်းကို ကို @aggamun ရဲ့ ပိုစ့်မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။
https://steempeak.com/esteem/@aggamun/yapi-ngpye-tskhu-ae-kang-aggamun
Prizes ဆိုတဲ့ tab မှာ သွားကြည့်ရင်လဲ အတော်ကို စိတ်ဝင်စား စရာ ကောင်းတာကို တွေ့ရမှာ ဖြစ်ပါတယ်။ တတိယ ဆုတောင် အတော်ကို စိတ်ဝင်စားဖို့ ကောင်းနေတာ တွေ့ရမှာ ဖြစ်ပါတယ်။
ကျွန်တော်ကတော့ အများကြီး မမျှော်လင့်ထားပါဘူး။ ကံကောင်းပြီးတော့ weekly prize ဒါမှမဟုတ် monthly prize ရရင်တောင် ကျေနပ်ပါပြီလေ။
အဲဒီမှာ မရခဲ့ရင်လဲ steem fantasy league မှာ ရခဲ့ရင်တော်ပါပြီ။ ဒါကလဲ သိပ်ကိုများလွန်းနေတယ် ဆိုရင်တော့ ကျွန်တော်ကျင်းပနေတဲ့ Myanmar Fantasy League ရှိနေပါသေးတယ်။ တစ်ချက်ခုတ် သုံးချက်ပြတ်ပေါ့။
ဝင်ကြေးကတော့ ၃၀၀၀ ဒါမှမဟုတ် 10 Steem ပဲ ဖြစ်ပါတယ်။
အခုပြထားတဲ့ ပုံကတော့ transfer tab ပဲ ဖြစ်ပါတယ်။ စစချင်း အသင်းကို တည်ဆောက်မဲ့ သူတွေကတော့ my team မှာ ကိုယ့်အသင်းကို ပြင်ဆင်လို့ ရပါတယ်။ သန်း ၁၀၀ ပေးထားမှာ ဖြစ်ပြီး ကစားသမား ၁၅ ယောက် ဝယ်ယူရမှာ ဖြစ်ပါတယ်။
ညာဘက် အပေါ်ခြမ်းမှာ player selection ဆိုတာ ရှိပါတယ်။ View ရဲ့ အောက်က drop down menu ကို နှိပ်ပြီးတော့ နေရာအလိုက် ဒါမှမဟုတ် အသင်းလိုက် ရွေးချယ်လို့ ရပါတယ်။
အပေါ်က ပုံကတော့ မန်စီးတီး အသင်းကို ရွေးချယ်ထားတာ ဖြစ်ပါတယ်။ တကယ်လို့ စတာလင်ကို ဝယ်ချင်တယ် ဆိုရင်တော့ ၁၂ သန်း အသုံးပြု ရမှာ ဖြစ်ပါတယ်။ ဝယ်ချင်တယ်ဆိုရင် Sterling ကို နှိပ်လိုက်ရမှာ ဖြစ်ပါတယ်။
ဝယ်လို့ ပြီးသွားရင်တော့ make transfer ကို နှိပ်ရမှာ ဖြစ်ပါတယ်။
Posted from my blog with SteemPress : http://steemhosting.com/myanmarpress/?p=113