Fantasy Permier League(FPL)

Words
131
Reading
1 min
Listen
Play
7y

FPL ကတော့ football manager လိုမျိုးပါပဲ။ ဘောလုံးအသင်းတစ်သင်းရဲ့ မန်နေဂျာ လုပ်ရတာပါ။ ဒါပေမဲ့ ကိုယ့်အသင်းအနေနဲ့ ကစားလို့တော့ မရပါဘူး။ ကိုယ့်အသင်းသားတွေက Perimer League မှာ ပါဝင်နေတဲ့ ကစားသမားတွေ ဖြစ်နေလို့ပါပဲ။

https://fantasy.premierleague.com

ဒီဂိမ်းကို ကစားချင်တယ် ဆိုရင်တော့ ပထမဆုံး အပေါ်က ဝက်ဆိုက်မှာ သွားပြီးတော့ မှတ်ပုံတင်ရပါတယ်။ ပြီးရင်တော့ သူက ကိုယ့်ကို သန်း ၁၀၀ ပေးမှာ ဖြစ်ပါတယ်။ အဲဒီ သန်း ၁၀၀ နဲ့ ကစားသမား ၁၅ ယောက်ဝယ်ရမှာ ဖြစ်ပါတယ်။ ကစားရမဲ့ ကစားကွက်ကတော့ 4-4-2 ပုံစံပဲ ဖြစ်ပါတယ်။ ကိုယ်ဝယ်ရမဲ့ သူတွေကတော့ ဂိုး နှစ်ယောက်၊ နောက်တန်း ငါးယောက်၊ အလယ်တန်း ၅ ယောက်၊ ရှေ့တန်း သုံးယောက်ပဲ ဖြစ်ပါတယ်။ တစ်ကယ် ကစားရမဲ့လူက ၁၁ ယောက်ဖြစ်တဲ့အတွက် နေရာ တိုင်းမှာ အရန်လူတစ်ယောက်စီ ရရှိမှာ ဖြစ်ပါတယ်။ အရန်လူအတွက် ပိုက်ဆံအများကြီး မသုံးထားဖို့ လိုပါတယ်။

ဒီပြိုင်ပွဲမှာ အနိုင်ရဖို့ ဆိုရင် အမှတ်ရဖို့ လိုပါတယ်။ ကစားသမားတွေရဲ့ သွင်းတဲ့ ဂိုး အရေအတွက်၊ ပံ့ပိုးနိုင်မှု၊ ဂိုးကာကွယ်နိုင်မှနဲ့ ဂိုးလုံးဝ မပေးရမှု စတဲ့ အချက်တွေ ပေါ်မှာ မူတည်ပြီးတော့ အမှတ်ပေးပါတယ်။ အဲဒီတော့ ကိုယ့်အသင်းရဲ့ အလယ်တန်းမှာ ခံစစ်ကစားသမားတွေကို မရွေးမိဖို့ လိုပါတယ်။

အပေါ်က ပုံကတော့ ကျွန်တော့်ရဲ့ ပထမပွဲထွက်စာ ရင်း ပဲ ဖြစ်ပါတယ်။ အကြံပေးကြပါဦးဗျာ။

ဒါကတော့ ကျွန်တော့်ရဲ့ လူစားဝင်စာ ရင်းပဲ ဖြစ်ပါတယ်။ ဆုကြေးကတော့ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ပထမ ရရင် Steem ၁၅၀၀ ကနေ၂၀၀၀ လောက်ရမှာ ဖြစ်ပါတယ်။ ပြီးတော့ token လဲ ရဦးမှာ ဖြစ်ပါတယ်။



Posted from my blog with SteemPress : http://steemhosting.com/myanmarpress/?p=105
Fantasy Permier League(FPL) | Ecency