Drugwars ကစားကြမလား

Words
241
Reading
2 min
Listen
Play
8y

Drugwars ဆိုတာကတော့ နောက်ဆုံး ထွက်ရှိတဲ့ Steem ပေါ်မှာ အမှီပြုထားတဲ့ ဂိမ်းပဲ ဖြစ်ပါတယ်။ သူ့ကို ကစားရင် Steem ရမှာ ဖြစ်ပါတယ်။ နေ့စဉ် ထုတ်ပေးနေမှာ ဖြစ်ပါတယ်။ အချိန်ပေးပြီးကစားလို့လဲ ရပါတယ်။ ဒါမှမဟုတ် လိုအပ်တဲ့ အဆောက်အအုံ ယူနစ်တွေကို Steem နဲ့ ဝယ်ယူလို့ရပါတယ်။ ရန်သူကို တိုက်ခိုက်လို့လဲ ရပါတယ်။ ရန်သူကို တိုက်ခိုက်ပြီး drug တွေကို ဓားပြ တိုက်လို့ရပါတယ်။ အဆောက်အအုံတွေ ဆောက်ပြီး drug တွေကို ထုတ်လုပ်လို့ရပါတယ်။ ကိုယ်က ရန်သူကို တိုက်ခိုက်လို့ရသလို ရန်သူကလဲ ကိုယ့်ကို တိုက်ခိုက်လို့ရပါတယ်။

သူ့မှာ သုံးတဲ့ အရင်းအမြစ်က သုံးမျိုးပဲ ရှိပါတယ်။

  • Drugs
  • Weapons
  • Alcohols

စတာတွေပဲ ဖြစ်ပါတယ်။

အပေါ်ကပုံကတော့ ပင်မစာမျက်နှာပဲ ဖြစ်ပါတယ်။ Drug, Weapons နဲ့ Alcohols တွေကို အပေါ်မှာ ပြထားပါတယ်။ ညာဘက်အစွန်ဆုံးကတော့ ကိုယ့်မှာ ရှိတဲ့ Steem နဲ့ ကိုယ် တစ်နေ့ကို ဘယ်လောက်ရမလဲ ဆိုတာကိုပြထားပါတယ်။ 0.014 Steem ဆိုတာကတော့ ကျွန်တော်နေ့စဉ်ရရှိမယ့် Steem ပဲ ဖြစ်ပါတယ်။ တစ်နေ့ဘယ်လောက်ရမလဲ ဆိုတာကတော့ နေ့စဉ် ကိုယ်ထုတ်လုပ်မယ့် Drugs အပေါ်မှာ မူတည်ပါတယ်။ ကျွန်တော်က တစ်နေ့ကို 172 ပဲ ထုတ်နိုင်သေးတဲ့အတွက် ဒီလောက်ပဲ ရတာဖြစ်ပါတယ်။ နောက်တစ်ခုရှိပါသေးတယ်။ အဲဒါကတော့ ရလာတဲ့ Drug တွေကို Invest လုပ်တာပါ။ ဒါကနေလဲ Steem တွေ ရနိုင်ပါသေးတယ်။ တစ်နေ့ကို Drugs ထုတ်လုပ်မှုကနေ 853.493 Steem ထုတ်ပေးနေပြီးတော့ Drugs တွေကို ထည့်သွင်းထားတာကနေ 121.936 Steem ထုတ်ပေးနေပါတယ်။

အပေါ်က ပုံကတော့ Office tab ပဲ ဖြစ်ပါတယ်။ ဒီ tab မှာဆိုရင်တော့ Headquarters၊ Training Facility၊ Operation Center စတာတွေကို ဆောက်လို့ရပါတယ်။ Headquaarters ကို အဆင့်မြှင့်လိုက်ရင် အခြား အဆောက်အအုံးတွေကို ဆောက်တဲ့နှုန်း ပိုမြန်လာမှာ ဖြစ်ပါတယ်။ Operation Center ကို အဆင့်မြှင့်လိုက်ရင်တော့ နေ့စဉ် ဘောနပ်ရရှိမှာ ဖြစ်ပါတယ်။ သူကတော့ အရင်အမြစ် သုံးမျိုစလုံးကို သုံးရပါတယ်။

အပေါ်ကပုံကတော့ Drug tab ပဲ ဖြစ်ပါတယ်။ သူ့ကိုလဲ ရင်းမြစ်တွေ အသုံးပြုပြီးတော့ အဆင့်မြှင့်နိုင်ပါတယ်။ သူကလဲ ရင်းမြစ် သုံးမျိုးစလုံး သုံးရပါတယ်။ အဝါရောင်နဲ့ ပြထားတာကတော့ ကြာမည့် အချိန်ပဲ ဖြစ်ပါတယ်။ အပြာရောင်ကတော့ Steem ကိုသုံးပြီး ချက်ချင်း အဆင့်မြှင့်လို့ရပါတယ်။

အခြား Weapon တို့ Alcohol တို့ကလဲ အတူတူပါပဲ။ Weapon ကို ပိုထုတ်ချင်တယ် ဆိုရင်တော့ weapon ကို သုံးစရာ မလိုပါဘူး။ အခြားအရာတွေကိုပဲ သုံးရမှာပါ။ တစ်ကယ်လို့ Alcohol ကို ပိုထုတ်ချင်တယ်ဆိုရင် Alcohol ကိုသုံးစရာ မလိုပါပဲ။

ရန်သူကို တိုက်ခိုက်ဖို့ပဲ ဖြစ်ဖြစ် ခုခံဖို့ပဲ ဖြစ်ဖြစ် unit တွေကို မွေးထုတ်ရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် Weapon နဲ့ Alcohol ကို သုံးရပါတယ်။ ပြီးတော့ ယူနစ်တစ်ခုအတွက် ထုတ်လုပ်ဖို့ အချိန်ပေးရပါတယ်။

ကိုယ်က ဘာမှ မရင်းပဲ နဲ့ ကစားမယ်ဆိုရင် အနည်းဆုံး 0.02 Steem ရမှာ ဖြစ်ပါတယ်။ ကိုယ်က ရင်းမယ်ဆိုရင်တော့ ဒိထက်ပိုရမှာ ဖြစ်ပါတယ်။

My latest post:



Posted from my blog with SteemPress : https://www.steemhosting.com/mmunited/drugwars-%e1%80%80%e1%80%85%e1%80%ac%e1%80%b8%e1%81%be%e1%80%80%e1%80%99%e1%80%9c%e1%80%ac%e1%80%b8/
Drugwars ကစားကြမလား | Ecency