Cruiser ရပါတော့မယ်

Words
111
Reading
1 min
Listen
Play
7y

မနက်ဖြန် ညနေဘက်ဆို cruiser ထုတ်လို့ ရတော့မှာ ဖြစ်ပါတယ်။ ဒီကောင်ထုတ်ဖို့ကတော့ သိပ်တော့မလွယ်လှပါဘူး။ Shipyard ကို လယ်ဗယ် ၁၇ အထိ တင်ထားနိုင်မှ ရမှာ ဖြစ်ပါတယ်။

Speed က နှေးသွားပါတယ်။ Transporter နဲ့ အတူတူပါပဲ။ သယ်ဆောင်နိုင်စွမ်းကလဲ အတူတူပါပဲ။ ဈေးကတော့ ကြီးပါတယ်။ ဒါပေမဲ့ transporter ထက်တော့ သက်သာပါတယ်။ သူ့နဲ့လဲ ကုန်တွေ သယ်လို့ရပါတယ်။ Deploy လုပ်ရမှာ ဖြစ်ပါတယ်။ Bullet ကတော့ ၅ ခုပါလာပါတယ်။ Transporter လောက်တော့ ခံစစ်မကောင်းပါဘူး။ ဒါပေမဲ့ တိုက်စစ်ကတော့ ပိုကောင်းလာပါတယ်။ အနီးကပ်တိုက်ခိုက်မှုတွေ အတွက်တော့ အသုံးဝင်မှာ ဖြစ်ပါတယ်။

သူနဲ့ battlecruiser လောက်ပဲ ရောင်းလို့ အဆင်ပြေမှာပါ။ Carrier ကတော့ speed အရမ်းကို နှေးသွားပါပြီ။ ခံစစ်အတွက် သုံးဖို့ပဲ အဆင်ပြေမယ် ထင်ပါတယ်။ ဈေးကလဲ အတော်ကို ကြီးလောက်ပါပြီ။ ဒါတွေ ဆောက်ဖို့ဆိုတာကတော့ အဝေးကြီး လိုပါသေးတယ်။

Exp II တစ်စီးတော့ ထုတ်ထားပါပြီ။ တစ်ကယ်တမ်းရော အဆင်ပြေပါ့မလား။ ဂြိုဟ်တွေရော ထပ်တွေ့နိုင်ပါ့မလားဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ Blueprint တင်ဆင်လိုက်တဲ့ ဂြိုဟ်ကလွဲသွားတဲ့ အတွက် Exp II တွေ ထပ်ထုတ်ဖို့ အချိန်ယူရဦးမှာ ဖြစ်ပါတယ်။ အားလုံးပဲ ကံကောင်းကြပါစေဗျာ။

စာလုံးရေ တစ်ရာက မပြည့်သေးတဲ့အတွက် အနည်းငယ် ထပ်ရေးရပါဦးမယ်။ myothuzar@myothuzar ကတော့ ပထမဆုံးဂြိုဟ်ကို စတွေ့သွားပါပြီ။ Congrats ပါညီမရေ။



Posted from my blog with SteemPress : http://steemhosting.com/myanmarpress/?p=13
Cruiser ရပါတော့မယ် | Ecency