Ads on Steemit

mmunited(67)
Published in
#blog
Words
78
Reading
1 min
Listen
Play
8y

Steemit မှာ ကြော်ငြာပါလာပါပြီ။ Steemit မှာ Log in ဝင်ထားရင်တော့ ကြော်ငြာကို တွေ့ရမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ထွက်လိုက်ရင်တော့ တွေ့ရမှာ ဖြစ်ပါတယ်။

Ads placement 1

အပေါ်ကပုံမှာ ကြည့်လိုက်ပါ။ ကြော်ငြာထည့်ထားတာ မဟုတ်ပါဘူး။ ဒါကတော့ ကြော်ငြာထည့်ဖို့အတွက် ကြောင်ငြာထားတာသာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာ ဘေလ်ဘုတ်ထောင်ပြီး ကြော်ငြာသလိုပေါ့။ ဒီနေရာမှာကြော်ငြာ ထည့်နိုင်ပါပြီ။ အဲဒီလိုမျိုးပါ။ ပြီးခဲ့တဲ့ တစ်ခေါက်တုန်းကတော့ Ooredoo ကြောင်ငြာတွေ့လိုက်ပါသေးတယ်။

အပေါ်က form ကို ဖြည့်ပြီး submit လုပ်လိုက်ဖို့လိုပါတယ်။ Steemit က အခြားကကြော်ငြာကို မယူပဲနဲ့ ကိုယ်တိုင်ကြော်ငြာတွေကို လက်ခံနေမည့် သဘောရှိပါတယ်။ ဒီလိုနည်းလမ်းကတော့ သိပ်အဆင်မပြေဘူးထင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ Log out လုပ်ထားတဲ့သူမှ ကြော်ငြာတွေကို တွေ့ရမှာပါ။ ဒါပေမဲ့ သုံးတဲ့သူတွေကို အနှောင့်အယှက် ဖြစ်မှာစိုးလို့နဲ့တူပါတယ်။

သူတို့ရဲ့ စေတနာကတော့ ကောင်းပါတယ်။ ဒါပေမဲ့ ပိုက်ဆံရဖို့ဆိုတာကတော့ သိပ်မလွယ်လှပါဘူး။ အဓိကက ပိုက်ဆံရဖို့ပါ။ ဒါမှလဲ ပိုပြီး အဆင်ပြေလာမှာ ဖြစ်ပါတယ်။



Posted from my blog with SteemPress : http://www.steemhosting.com/mmunited/ads-on-steemit/
Ads on Steemit | Ecency