တစ်နေ့ သုံးခါ ပိုစ့်တင်ပါ

Words
159
Reading
1 min
Listen
Play
8y


Image Source

ဒီနေ့ ပိုစ့်ရေးမယ်လို့ စဉ်းစားလိုက်တော့ ဒီအကြောင်းကို ရေးချင်စိတ်ပေါက်လာပါတယ်။ ဒါကတော့ drugwars နဲ့ သက်ဆိုင်တဲ့ ပိုစ့်တစ်ခု ဖြစ်ပါတယ်။ Drugwars ကတိုက်ပွဲတွေကို Steem မှာ ရှယ်ယာလုပ်လို့ရနေပါပြီ။ တစ်နေ့ကို အများဆုံး သုံးကြီမ် အထိ ရှယ်ယာလုပ်လို့ရပါတယ်။ အနည်းဆုံး fundition@fundition ရဲ့ 1% အပ်ဗုတ်ရပါတယ်။ သူ့အပ်ဗုတ်က အခုလက်ရှိအချိန်မှာ 0.28 STU တန်ကြေးရှိပါတယ်။

https://steemnow.com/@fundition

အခုအချိန်မှာ drugwars ရဲ့ ROI က ၁% အောက်ကို ရောက်သွားပါပြီ။ ပြောရရင်တော့ ရက် ၁၀၀ လောက်ကစားမှ အရင်းပြန်ရမယ့် သဘောဖြစ်ပါတယ်။ နောက်ပိုင်းဆိုရင် ဒိထက်နည်းလာမယ့် သဘော ဖြစ်ပါတယ်။ အဲဒီတော့ ဒီလို ပိုစ့်တင်တာတွေက အရင်းမြန်မြန်ပြန်ရဖို့ အထောက်အကူ ဖြစ်မှာပါ။ ကိုယ့်ရဲ့ အကောင့်ကတော့ ပိုစ့်တွေ နဲ့ ရှုပ်လာဦးမှာ ဖြစ်ပါတယ်။

Steem usernameBeneficinaries
drugwars20%
drugwars-dealer25%

အပေါ်က ဇယားထဲမှာ ပါတဲ့အတိုင်း သူတို့ကို ခွဲဝေပေးရမှာ ဖြစ်ပါတယ်။ ကိုယ့်ကို ပုံမှန် အပ်ဗုတ်ပေးတဲ့သူ များရင်တော့ ဒီလို ပိုစ့်တွေ မတင်သင့်ပါဘူး။ ကိုယ်ပိုစ့်တင်လိုက်လို့ 0.75 ထက်ကျော်နေရင်တော့ ပိုစ့်မတင်သင့်ပါဘူး။ ဒါပေမဲ့ ကိုယ်ပိုစ့်တင်လို့ ဘာမှ မရဘူးဆိုရင်တော့ တင်သင့်ပါတယ်။ တစ်ရက်သုံးခါ တင်ရင် 0.75 လောက်ရမှာ ဖြစ်ပါတယ်။ သူ့ကို သုံးပုံတစ်ပုံပေးလိုက်ရင်တောင်မှ ကိုယ့်အတွက် 0.5 ကျန်နေဦးမှာ ဖြစ်ပါတယ်။ ဘာမှလုပ်စရာ မလိုပဲနဲ့ ရမဲ့ ပမာဏဖြစ်ပါတယ်။

Battle>History ကနေ အခုလို ပုံမှာ SHARE ON STEEM ကို နှိပ်ရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ကိုယ့်ရဲ့ steemit blog မှာ ပြန်စစ်ကြည့်ပါ။ ကိုယ်ရေးချင်တာ ရှိရင် ဒီပိုစ့်ကို ပြင်ပြီး ရေးလို့ရပါတယ်။

ဒါကတော့ မနေ့က တင်ထားတဲ့ ပိုစ့်သုံးခုပဲ ဖြစ်ပါတယ်။ ပထမတင်တဲ့ပိုစ့်တွေက STU ပိုများပါတယ်။ တင်တဲ့သူများလာတာနဲ့ အမျှ ရတာ နည်းသွားပါတယ်။ ကိုယ့်ကို အော်တို ဗုတ်ပေးနေတဲ့ မိတ်ဆွေတွေရှိရင် steemrewarding.com ကို သုံးဖို့ အကြံပြုပေးပါ။ အဲဒီမှာ အခိျု့ tag ဥပမာ fighting လို့ပါရင် ဗုတ်မပေးဖို့ ဆက်တင်ချိန်ထားလို့ရပါတယ်။ အဆင်ပြေကြပါစေဗျာ။



Posted from my blog with SteemPress : http://steemhosting.com/myanmarpress/?p=37
တစ်နေ့ သုံးခါ ပိုစ့်တင်ပါ | Ecency