တိုက်ပွဲ အတွက် ပြင်ပြီ

Words
128
Reading
1 min
Listen
Play
7y

အရင်ပိုစ့်မှာ ရေးခဲ့သလိုပါပဲ။ တိုက်ပွဲစမှ ပိုပြီး ပျော်စရာ ကောင်းလာမှာ ဖြစ်ပါတယ်။ မနက်ဖြန်လောက်ဆိုရင် ယာဉ်စုစုပေါင်း ၁၈၀၀ ရှိမှာ ဖြစ်ပါတယ်။
ရန်သူကို တိုက်ခိုက်ဖို့အတွက် ယာဉ် ၃၀၀ လောက်ကို အသုံးပြုမယ်လို့ စဉ်းစားထားပါတယ်။

ဒီတစ်ခါ ရန်သူကတော့ လူမုန်း အတော်ကို များတဲ့ သူတစ်ယောက်ပါ။ သူ့ကို ချုံခို ပြီးတော့ တိုက်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ တိုက်ပြီးသွားရင်တောင်မှ မကြာခဏ ပြန်စစ် ပေးဖို့ လိုမယ် ထင်ပါတယ်။

ကျွန်တော့်အနေနဲ့ ဆိုရင် ရှာနိုင်တဲ့ နေရာက သုံးနေရာ ရှိပါတယ်။ အဲဒီ သုံးခထဲကပဲ ရှာဖွေဖို့ လုပ်ရမှာ ဖြစ်ပါတယ်။ သူက ဖုန်း မကိုင်တာပါ။ မအားလို့နဲ့ တူပါတယ်။

တစ်ကယ်တော့ ဒီစာကို ရေးတဲ့ အချိန်မှာ အရမ်းကို အိပ်ချင်နေပါတယ်။ တစ်နေ့ ပိုစ့်တစ်ခုတော့ ဖြစ်အောင် တင်မယ်ဆိုပြီးတော့သာ ရေးနေရခြင်း ဖြစ်ပါတယ်။ စောစောက ပြောတာကို ပြန်ဆက်ရရင် အနည်းဆုံး ယာဉ် ၃၀၀ လိုပြီးတော့ အဲဒီကမှ တစ်ဆင့် ၅၀၀ အထိကို တိုးမြှင့် ပေးသွားရမှာ ဖြစ်ပါတယ်။

ရန်သူ့ အင်အားကလဲ မဆိုးလှပါဘူး။ Transporter တွေကို ရှေ့က တင်ထားတဲ့အတွက် ခံစစ်ကောင်းကောင်း ရရှိနေစေမှာ ဖြစ်ပါတယ်။ ဒီခံစစ်ကို ကျော်ဖို့ကတော့ အတော်ခက်မှာ ဖြစ်ပါတယ်။ သူ့ထက်ကို ပစ်အား သာလွန်မှ ရမယ့်သဘောလို့ ထင်မြင်ယူဆမိပါတယ်။

ရန်သူကို တိုက်မယ်ဆိုရင် ချုပ်ပြီးတော့မှ တိုက်မလား။ ဒါမှမဟုတ် အလစ်ချောင်းပြီးတော့ တိုက်မလားဆိုတာကိုပဲ စဉ်းစားရမှာ ဖြစ်ပါတယ်။

ရန်သူက ဘယ်သူလဲ ဆိုတာ မပြောပြတော့ပါဘူး။ ကျွန်တော် တိုက်တဲ့ အချိန်ကျရင် သိလာမှာ ဖြစ်ပါတယ်။ ကံကောင်းကြပါစေ။ ဂြိုဟ်တွေလဲ များများ ရှာတွေ့ နိုင်ပါစေ။



Posted from my blog with SteemPress : http://steemhosting.com/myanmarpress/?p=79
တိုက်ပွဲ အတွက် ပြင်ပြီ | Ecency