Pirates Of Islets ဂိမ်းပြိုင်ပွဲ

mm7(63)
Published in
#gaming
Words
144
Reading
1 min
Listen
Play
6y

95615101_728330404642083_8928391891964133376_n.png

Ror Games ပြိုင်ပွဲတွေက တစ်ရက်ကိုသုံးပွဲဖြစ်ပါတယ် သုံးပွဲစလုံးကိုတော့ အမြဲတမ်းဝင်ရောက်ယှဉ်ပြိုင်ဖြစ်ပါတယ် ပြိုင်ပွဲသုံးခုလုံးကို အနိုင်ရအောင် ကစားဖို့တော့ မလွယ်ပါဘူး ကစားသူတွေထဲမှာ ကျွမ်းကျင်တဲ့ ကစားသမားတွေ တဖြည်းဖြည်း များလာနေပါတယ် နေ့တိုင်းကစားတဲ့သူတွေက ကျွမ်းကျင်ဖို့ အခွင့်အရေးပိုများပါတယ် ထိပ်ဆုံးရောက်အောင်ယှဉ်ပြိုင်မှ အမြတ် များများရမှာပါ အလယ် အလတ်လောက် ရောက်နိုင်ရင်တော့ အမြတ်ရပေမယ့် နည်းပါတယ် အောက်ဆုံးက ကစားသမားတွေလည်း အရှုံးတော့မရှိပါဘူး သူတို့လည်း ၀င်ရောက်ယှဉ်ပြိုင်ကြတဲ့အတွက် အမြတ်အစွန်းအနည်းငယ်စီရကြပါတယ် အဓိကတော့ ကစားနေဖို့ လိုအပ်ပါတယ် နေ့တိုင်းကစားနေသူတွေပြောကြတာတော့ ဒီဂိမ်းလေးတွေက ကစားလို့ကောင်းတယ် ကစားရတာ ပေါ့ပါးသွက်လက်တယ် ကစားလို့ လွယ်ကူတယ် အပျင်းပြေစေတယ်လို့ တညီတညွတ်တည်း ဆိုကြပါတယ် နောက်ပိုင်းမှာ စတင်းတွေနဲ့လဲလှယ်ယူနိုင်မယ်လို့ ဆိုထားပါတယ် ဒါကြောင့် အခုချိန်မှာ Dia များများရအောင် ဖြည်းဖြည်းချင်းကြိုးစားရှာဖွေထား ကြရမှာဖြစ်ပါတယ်

96594362_244171950130147_2616906582562177024_n.png

ပြိုင်ပွဲထဲကို ၀င်ရောက်နိုင်ရန်အတွက် Dia 5 ခုရင်းနှီးရပါမယ် ဒါဆိုရင်တော့ ပြိုင်ပွဲစလို့ရပါပြီ ထုံးစံအတိုင်း ပြိုင်ပွဲထဲကို ၀င်လိုက်ပါတယ် ဂိမ်းရဲ့ ပုံစံက စိတ်ဝင်စားစရာကောင်းပါတယ် လည်ပါတ်နေတဲ့ စက်ဝိုင်းကြီးတွေပေါ်ကနေ တစ်ဆင့်ချင်းခုန်ပျံပြီး အမှတ်တွေ စုဆောင်းရတာပါ ဒီဘက်က ခုန်လိုက်တာ ဟိုဘက်ကို တည့်မတ်စွာေ၇ာက်ဖို့ လိုအပ်ပါတယ် တိကျသေချာတဲ့ ခုန်ပျံမျုမျိုး ပြုလုပ်နိုင်ရမှာပါ အမှားအယွင်းဖြစ်လို့ အောက်ကိုပြုတ်ကျသွားရင်တော့ ရှုံးသွားမှာပါ အဆင့်တစ်ခုပြီး တစ်ခု ကျော်ဖြန်ရတဲ့ ဂိမ်းအမျိုးအစားပါ တဖြည်းဖြည်း ခက်လာပါတယ် ကစားလို့ ကောင်းနေတုန်းမှာဘဲ အဆင့်သုံးခုမြောက်နေရာမှာတော့ ခုန်လိုက်တာ မှားယွင်းသွားတဲ့အတွက် ပြုတ်ကျသွားပါတယ် ဒါကြောင့် ရှုံးသွားပါတယ် အဆင့် 3 နဲ့ဘဲကျေနပ်လိုက်ရပါတယ်

96513154_2938701352877860_5836113905264361472_n.png

အဆင့် 3 နေရာကို ရလိုက်တဲ့အတွက် Dia 9.6 ရပါတယ် ဒါကြောင့် အမြတ်ရလိုက်ပါတယ် ဒီနေ့အတွက်တော့ ကစားသူက နည်းပါသေးတယ် ညပိုင်းမှာ ကစားသူတွေ ထပ်ရော်ကလာမယ်ဆိုရင်တော့ အဖြေက ပြောင်းသွားမှာပါ ကျွမ်းကျင်တဲ့ ကစားသမားတွေ ရောက်လာဦးမှာဖြစ်လို့ အဆင့်ကတော့ ထပ်မံလျှော့နည်းဦးမယ်ထင်ပါတယ် ဒါဆိုရင်တော့ အမြတ်ရရှိမှု အဖြေကလည်း ပြောင်းသွားနိုင်ပါတယ် ဘယ်လိုဖြစ်ဖြစ် ပြိုင်ပွဲဝင်တိုင်းအတွက် အမြတ်ရရှိနိုင်တာ သေချာတဲ့အတွက် နေ့စဉ်ပြိုင်ပွဲကို မလွတ်အောင် ၀င်ရောက်ယှဉ်ပြိုင်ကစားသင့်ပါတယ်

ဂိမ်းကို စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်ကလင့်တွေကနေတစ်ဆင့် လေ့လာ ကစားနိုင်ပါတယ်
https://play.google.com/store/apps/details?id=com.ziplab.rorgame

INVEN Gaming Discord Channel: https://discord.gg/vyPHGk6

mm7@mm7

Pirates Of Islets ဂိမ်းပြိုင်ပွဲ | Ecency