Moles Attack ကစားမယ်

mm7(63)
Published in
#gaming
Words
127
Reading
1 min
Listen
Play
6y

96413634_238940980705075_7406776672248135680_n.png

Ror Game မှာဒီနေ့ကစားဖြစ်တာတော့ Moles Attack ဆိုတဲ့ဂိမ်းလေးဖြစ်ပါတယ်
တစ်ရက်ပြီးတစ်ရက် ဂိမ်းအကြောင်းတွေချည့် ရေးနေတာလည်း ပျင်းလာပါသည်။ မရေးလို့လည်း မဖြစ်ပါဘူး ဂိမ်းအကြောင်းရေးမှလည်း ရေးစရာက ထွက်လာမည် နေ့စဉ်နေ့တိုင်း ဂိမ်းကစားခြင်းသည် အနီးဆုံးသော လွယ်ကူသော အလုပ်တစ်ခုဖြစ်ပါသည်။ ဖုန်းလေး တစ်လုံးရှိတာနှင့် အမြဲတမ်း အချိန်တိုင်းအတွက် အဆင်ပြေလေသည်။ ဖုန်းနဲ့လူနဲ့ကလည်း မကွာတမ်းရှိတော့ ဘယ်လိုအချိန်မှာဖြစ်ဖြစ် ကစားလို့ရသည်။ ပျော်နေတဲ့အချိန်မှာလည်း ကစားလို့ရသလို စိတ်ညစ်ရင်လည်းကစားလို့ရသည်။ ဒီတော့ ဂိမ်းနဲ့ ပါတ်သက်ရာပါတ်သက်ကြောင်းကတော့ အများကြီး လိုက်ပြီး စဉ်းစားနေစရာမလိုပါ အလွယ်တကူရေးနိုင်ပါသည။ Ror Game အခုတော့ ကစားနေပါသည်။ ဒီဂိမ်းလေးတွေက တော်တော် အပျင်းပြေစေသည်။ ဂိမ်းသေးသေးလေးတွေဖြစ်လို့ ခေါင်းစားစရာလည်းမလိုပါ လူတိုင်းကစားလို့ရပါသည်။ ကစားသူတိုင်းလည်း အကြိုက်တွေ့စေနိုင်ပါသည်။ ဂိမ်းထဲကနေ စတင်းတွေထွက်လာသည့်အချိန်ရောက်ရင်တော့ ကစားသူတွေ များစွာ တိုးပွာလာမည်ထင်ပါသည်။

95804398_243949246954080_7902983688588099584_n.png

Moles Attack ဆိုတဲ့အတိုင်း မြေတွင်းထဲကနေ ခေါင်းပြူထွက်လာတာတွေကို အချိန်မှီ တူနဲ့ထုရတာပါ ဂိမ်းတွေထဲမှာတော့ ဒီကောင်လေးက ကစားလို့ အကောင်းဆုံးပါဘဲ တူနဲ့ထုလို့ ထိမိရင် အမှတ်ရပါတယ် များများ ထုနိုင်လေ အမှတ်များများရလေဖြစ်ပါတယ် လက်မြန်ဖို့တော့ လိုပါတယ် လက်မြန်ရမှာဖြစ်သလို မျက်စေ့လည်းလျှင်ရပါမယ် မြန်မြန်လေး လှုပ်ရှားနိုင်မှ အနိုင်ရမယ့် ဂိမ်းဖြစ်ပါတယ် ကစားသူတွေ အြိကုက်တွေ့စေတဲ့ ဂိမ်းကောင်းတစ်ခုဖြစ်ပါတယ် အခြားသူတွေတော့ ဘယ်လိုကစားတယ်မသိဘူး ကိုယ်ကစားတာတော့ အမှတ်သိပ်မရပါဘူး

96701331_235006704269260_7858733078624075776_n.png

ဒီနေ့ပြိုင်ပွဲမှာ အခြေအနေ သိပ်မကောင်းပါဘူး အမှတ်အနည်းဆုံးဘဲရလို့ အဆင့် 7 မှာဘဲ ကျေနပ်လိုက်ရပါတယ် အောက်ဆုံးမှာ ရောက်နေပေမယ့် Dia အမြတ်ရသေးတာမြင်ရလို့ ကျေနပ်ရပါတယ် ထိပ်ဆုံးက ကစားသူကတော့ ဒီအိုင်အေတွေ အများကြီးရတာတွေ့ရပါတယ် သူကတော့ တကယ့် ဆရာကြီးပါဘဲ အခြားဂိမ်းတွေလည်း ပြိုင်ခဲ့ပေမယ့် အခြေအနေ မကောင်းလို့ အရှုံးတွေချည့်သာဖြစ်နေခဲ့ပါတယ် ဒီနေ့တော့ ဒီလောက်နဲ့ဘဲ ကျေနပ်လိုက်ရပါတယ် မနက်ဖန်ရောက်မှ ကောင်းကောင်းလေး ကစားပြီး အနိုင်ယူပါတော့မယ် ဂိမ်းကစားတယ်ဆိုတာက ကျွမ်းကျင်မှုရှိသူကအမြဲအနိုင်ရတာဖြစ်ပါတယ်

https://play.google.com/store/apps/details?id=com.ziplab.rorgame

INVEN Gaming Discord Channel: https://discord.gg/vyPHGk6

mm7@mm7

Moles Attack ကစားမယ် | Ecency