Free Dia Reward လေးတွေယူမယ်

mm7(63)
Published in
#rorgame
Words
140
Reading
1 min
Listen
Play
6y

94949895_222693352357759_6283039607856562176_n.png
Free Dia Reward လေးတွေယူမယ်လို့ ပြောလိုက်တော့ ဒါဟာ အလွယ်တကူရတဲ့ အခြေအနေလို့ ထင်ခဲ့ပါလိမ့်မယ် မလွယ်ပါဘူး တစ်ရက်ကို Dia 10 ခုရအောင် မနည်းလုပ်ယူရတာပါ နေ့တိုင်း ယူမယ်ဆိုရင်တော့ ဆယ်ရကို ဒီအိုင်အေ တစ်ရာသေချာ ရမှာပါ ဒါပေမယ့်လည်း အဲ့သလို အသေအချာရဖို့ဆိုရင်တော့ ၀ိရိယ စိုက်ရပါလိမ့်မယ် မေ့ပြီး မယူဖြစ်တဲ့နေ့တွေကတော့ ရမှာမဟုတ်ပါဘူး ပိုဆိုးတာနောက်တစ်ခုရှိပါတယ် ဒါက အခုချိန်မှာ ဘာတန်ဖိုးမှ မရှိသေးတာ မြင်ရပါတယ် ဒါကြော်င့ သိပ်ပြီး ဂရုစိုက်လို့ ယူနိုင်မယ်မထင်မိပါဘူး အခုဆို ဒီအိုင် အေတွေ စုဆောင်းမိသူတွေ များလာပါပြီ သူတို့က နောင်တစ်ချိန်မှာ အဆင်သင့် ရောင်းစားနိုင်မယ်လို့ ယူဆကြပါတယ် တကယ်လည်း အဲ့သလို ရောင်းနိုင်တဲ့ အချိန်ရောက်လာခဲ့ရင် အခုလို ဖရီးရယူနိုင်တော့မယ်မဟုတ်ပါဘူး ၀ယ်ယူမှရတော့မယ့် အခြေအနေဖြစ်ပါမယ် အခုတော့ ဖရီးရနေတုန်းဖြစ်တဲ့အတွက် ကြိုးစားပြီး ရယူနိုင်အောင် လုပ်ဆောင်ရပါမယ်

95259120_234027804515585_2348418109485875200_n.png

Dia တွေကို ဘယ်အေခြေအနေရောက်နေလဲ လေ့လာကြည့်တဲ့အခါ ၀ယ်လို့ရနေတာတွေ့ရပါတယ် အခုလက်ရှိပေါက်ဈေးအရဆိုရင် ဒီအိုင်အေ တစ်ရာကို တစ်ဆယ် စတင်းလောက် ပေါက်နေတာပါ ဒါဆိုရင် တစ်ရက် ဖရီး ဆယ်ခုရတာက တစ်ရက်ကို ၀မ်းစတင်းရနေတဲ့ သဘောသက်ရောက်ပါတယ် ဆိုးတော့မဆိုးပါဘူး တစ်လဆိုရင် စတင်းသုံးဆယ်ရတဲ့အခြေအနေပါ သို့ပေမယ့် အခုလို ၇ရှိထားပြီးသား ဒီအိုင်အေတွေကို ပြန်လည်ရောင်းချလို့ ရတဲ့ အခြေအနေမတွေ့ရတာဖြစ်ပါတယ် ဒါကြောင့် ၀ယ်လို့တော့ ရတယ် ရောင်းလို့ မရသေးဘူး နောင်တစ်ချိန် ရောင်းလို့ရလိမ့်မယ်ဟုသာ ယူဆမိပါတယ်

95630576_710989756314693_7749004343612801024_n.png

အခုဆိုရင် ဖရီးရတဲ့ dia လေးတွေ စုထားတာ 373 ရှိနေပါပြီ တစ်ရက်ကို ဆယ်ခုရတာရယ် ငါးခုရင်းပြီး ဂိမ်းကစားလို့ အနိုင်ရတာလေးတွေရယ် စုပေါင်းပြီး ဒီလောက်တော့ ရထားတာဖြစ်ပါတယ် ရောင်းလို့ရမယ်ဆိုရင်တော့ အခုချိန် ပေါက်ဈေးအရ စတင်းသုံးဆယ်လောက်ရမယ်ပေါ့ သိပ်တော့ မတန်ပါဘူး ဒါပေမယ့် အလကားရတာဖြစ်လို့ မဆိုးပါဘူး ဂိမ်းက တကယ် လည်ပါတ်တဲ့အခါ ရရှိထားတဲ့ ဒီအိုင်အေတွေရဲ့ ဈေးကလည်း အဆများစွာ တက်လာနိုင်တယ်လို့ မြင်မိပါတယ် အဲ့သလို ဈေးတက်ရင်တော့ လုပ်ထားသူတွေအတွက် မင်္ဂလာဖြစ်လာမှာပါဘဲ

https://play.google.com/store/apps/details?id=com.ziplab.rorgame

INVEN Gaming Discord Channel: https://discord.gg/vyPHGk6

mm7@mm7

Free Dia Reward လေးတွေယူမယ် | Ecency