ညှိနှိုင်းဆောင်ရွက်ခြင်း

mm7(63)
Published in
#steempress
Words
131
Reading
1 min
8y
Listen to this post
~1 min


 

တစ်ဦးနှင့် တစ်ဦး တစ်ဖွဲ့နှင့်တစ်ဖွဲ့ အဆင်ပြေအောင် လုပ်ကိုင်ဆောင်ရွက်ရာတွင် သူ့လိုအင် ကိုယ့်လိုအင် တို့အား အတိုးအလျှော့ အပေးအယူ မျှတစွာနဲ့ညှိနှိုင်း

ဆောင်ရွက်မှသာလျှင် ညီညွတ်မျှတခြင်း အလှတရားတို့ ထွန်းကားလာပါမည်

စေ့စပ်ညှိနှိုင်းခြင်းဆိုတာကတော့ အာဏာသုံးပြီး ဒါတော့လုပ် ဒါတော့မလုပ်နဲ့လို့ အမိန့်ပေးခိုင်းစေခြင်းမဟုတ်ပါဘူး စကားအနိုင်လုပြီးပြောတာလည်း

မဟုတ်ပါဘူး ခြိမ်ခြောက်ခြင်း အင်အားပြ အနိုင်ယူခြင်းလည်းမဟုတ်ပါဘူး

ဒီလိုတွေလုပ်ပြီး စေ့စပ်ညှိနှိုင်းခြင်းကို ဖော်ဆောင်လို့မရနိုင်ပါဘူး အဲ့ဒီလိုတွေသာလုပ်ဆောင်ခဲ့မယ်ဆိုရင်တော့ တစ်ဖက်လူရဲ့ မကျေနပ်ခြင်းတွေ ဆန့်ကျင်ခြင်းတွေနဲ့ ကွဲပြားသောအယူအဆတွေကြောင့် ညှိနှိုင်းခြင်းဟာ လမ်းလွဲလို့သွားမည်သာဖြစ်ပါတယ်

ကောင်းမွန်မှန်ကန်သော ညှိနှိုင်းဆောင်ရွက်ခြင်း ဖြစ်စေရေးအတွက်ဆိုရင်

တော့ အရင်ဆုံးလုပ်ဆောင်ရမည်မှာ ကိုယ်နှင့် တစ်ဖက်လူ တစ်ဖက်အသင်းအဖွဲ့ရဲ့အကြားမှာ မကြာခဏမဟုတ်တောင် ဆက်ဆံရေးအသွားအလာ ရှိထားရမည်သာဖြစ်ပါတယ်

ပြီတော့ နှစ်ဦး နှစ်ဖက်လုံးက ညှိနှိုင်းဆောင်ရွက်လိုစိတ် ညီညွတ်လိုစိတ်

နှစ်ဦးနှစ်ဖက် အကျိုးစီးပွား ဖြစ်ထွန်လိုစိတ်တို့ အတူတကွရှိရန်လိုအပ်မည်သာဖြစ်ပါတယ်

တကယ်လို့ ဒီလို အခြေအနေမှာမရှိသေးဘူးဆိုရင်တော့ တစ်ဖက်လူနဲ့သင်တို့

တွေ့ဆံနိုင်အောင် ဆွေးနွေးတိုင်ပင် ညှိနှိုင်းမှု စတင်နိုင်အောင် သင်ကစပြီး

တစ်ဖက်သားကို စတင်လို့ စည်းရုံးရပါလိမ့်မယ် အဲ့ဒီလိုတွေ့ဆုံမှုတွေ

ဆက်ဆံရေးအသွားအလာတွေ ရှိလာပြီဆိုမှသာ သင်နှင့်သင့်ရဲ့လိုအင်တွေ

လိုအပ်ချက်တွေကို သင်လိုချင်သည့်ပုံစံအတိုင်းရအောင် စည်းရုံးသိမ်းသွင်းပြီး

တောင်းယူရမယ် ပြောယူရမယ် ညှိနှိုင်းယူရမည်ဖြစ်ပါတယ်

ကိုယ့်လိုအင်တွေကို ယူတက်ရမှာ တောင်းယူရမှာ ညှီနှိုင်းယူတက်ရမှာဖြစ်သလို တစ်ဖက်သားရဲ့ လိုအင်တွေ လိုအပ်ချက်တွေ တောင်းဆိုချက်တွေကို

လည်း အလေးအနက်ထားပြီး လိုက်လျှောပေးရမှာဖြစ်ပါတယ်

ဒီနေရာမှာတော့ အနည်းငယ် ကျယ်ပြန်လာသော လေးနက်လာသော သဘော

တွေရှိလာပါပြီ ကိုယ်လိုချင်တာကိုလည်း ရအောင် တောင်းနိုင်ရပါမယ်

သူလိုချင်တာကိုလည်း ကိုယ့်ဘက်က ဆုံးရှုံးမှုနည်းပါးစွာနဲ့ ပေးနိုင်အောင်

လုပ်ဆောင်တက်ရပါမည်

အပေးမတက်ရင် ဒါမှမဟုတ် အတောင်းမတက်ရင် ဆွေးနွေးညှီနိုင်းမှုဟာ

အဆင်မပြေခြင်းလည်းဖြစ်လာနိုင်တယ် ကိုယ့်အတွက် ဆုံးရှုံးမှုတွေလည်းကြုံရနိုင်ပါတယ်

အကောင်းဆုံးကို ပေးတက်ပြီ အကောင်းဆုံးပြန်လည် တောင်းယူနိုင်တဲ့

အပေးအယူမျှတသော ဆက်ဆံရေး ညှိနှီုင်း ဆောင်ရွက်မှုကသာလျှင်

သင့်ကို ညှီနှိုင်းမှုတွေကနေ အကျိုးအမြတ်ထွက်ပေါ်လာစေမှာဖြစ်ပါတယ်

Author : mm7@mm7


Posted from my blog with SteemPress : https://mm7.xopus.io/2018/11/28/%e1%80%8a%e1%80%bd%e1%80%ad%e1%82%8f%e1%80%bd%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%86%e1%80%ac%e1%80%84%e1%80%b9%e1%80%9b%e1%80%bc%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%84/