Comet Smash ကစားမှုအခြေအနေ

mm7(63)
Published in
#gaming
Words
119
Reading
1 min
Listen
Play
6y

95706577_624322318152471_994920803227140096_n.png

ဒီနေ့မှာတော့ Ror Game တွေထဲက Comet Smash ဂိမ်းလေးကို ကစားဖြစ်ပါတယ် အရင်က တစ်ခါမှ မကစားဖူးပါဘူး ဒီနေ့မှ စပြီး ကစားဖြစ်တဲ့ဂိမ်းလေးဖြစ်ပါတယ် ကစားလို့ ကောင်းပါတယ် ဒီလို ဂိမ်းအသေးစားလေးတွေက ကစားရတာ ပေါ့ပေါ့ပါးပါးရှိပါတယ် အခန်းဆက်ဂိမ်းတွေလို မဟုတ်လို့ ပျင်းစရာကောင်းမယ်လို့ ထင်ခဲ့မိတယ် တကယ်ကစားကြည့်တော့ စိတ်ဝင်စားစရာကောင်းပါတယ် တစ်နေ့တာအတွက် ပြိုင်ပွဲတွေလည်း နေ့စဉ်ရှိနေတဲ့အတွက် စိန်ခေါ်မှုကို ကြိုက်တဲ့ သူတွေအတွက်လည်း အဆင်ပြေတယ်
မပြိုင်ချင်ရင်လည်း အပျင်းပြေ ကစားလို့ရသလို ပြိုင်ပွဲဝင်နိုင်ဖို့ကိုလည်း လေ့ကျင့်မှုတွေ လုပ်လို့ရတော့ ကစားရတာ တော်တော် လွတ်လပ်တယ် ဒီနေ့မှာ စိန်ခေါ်မှုတွေထဲက တစ်ခုမကျန်အောင် လိုက်လုပ်ဖြစ်တယ် သုးံပွဲကစားတဲ့အခြေအနေမှာ နှစ်ပွဲက အခြေအနေ ကောင်းပါတယ် တစ်ပွဲကတော့ စပြီးကစားတည်းက ရှုံးသွားပါတယ် အားလုံးတော့ မနိုင်ပါဘူး အမြတ်တော့ထွက်ခဲ့တယ်

95217455_701354820635763_4518450743811768320_n.png
ဂိမ်းထဲကို ၀င်လိုက်တာနဲ့ စက်ဝိုင်းပုံ အ၀ိုင်းကြီးတစ်ခုရယ် ဘောလုံးသေးသေးလေးတွေရယ် ကို စတွေ့ရပါတယ် ဒီကောင်လေးတွေနဲ့ မျက်စိရှင်ရှင်ထားပြီး ဂရုစိုက်ကစားရမယ့် ပုံပါဘဲ ဒီဂိမ်းတွေက ဂရုတစိုက်ကစားနိုင်မှ အနိုင်ရနိုင်တယ်ဆိုတာ သတိထားမိတယ် စိတ်နဲနဲလွတ်တာနဲ့ ရှုံးသွားနိုင်ပါတယ်

95032647_3716559728414333_5326034458090930176_n.png

ဂိမ်းထဲရောက်တဲ့အခါ လေ့ကျင့်ခန်းမလုပ်တော့ဘဲ စိန်ခေါ်မှု ပြိုင်ပွဲထဲကို ယုံကြည်မှုအပြည့်နဲ့ ၀င်လိုက်ပါတယ် သက်မှတ်ထားတဲ့ Dia 5 ခုကို ပေးချေပြီးတော့ စတင်ယှဉ်ပြိုင်ဖို့ လုပ်ဆောင်လိုက်ပါတယ်
ဂိမ်းစတင်ပြီဆိုတာနဲ့ စက်ဝိုင်းကြီးက လည်ပါတယ် အထဲက ဘောလုံးအသေးတွေကို ဖျက်ပြစ်ရတာပါ ဘေးကနေလည်း ဘောလုံးအကြီးလို အာလူးလုံးလိုလို အလုံးကြီးတွေ ၀င်ရောက်လာပါတယ် အဲ့ဒီအလုံးကြီးတွေနဲ့ မိမိရဲ့ ကိုယ်ပိုင်ဘောလုံးကို မထိမိအောင် ဂရုစိုက်ရပါတယ် ထိလိုက်ရင်ရှုံးမှာပါ အဲ့ဒီအလုံးကြီးတွေကို ဖျက်ဆီးနိုင်ရင် အမှတ်ပိုရပါတယ် နောက်ဆုံးမှာတော့ ဒီနေ့ယှဉ်ပြိုင်မှုမှာ နံပါတ် 2 ချိတ်ပါတယ် dia အမြတ်လည်း အများကြီးရလိုက်ပါတယ်

https://play.google.com/store/apps/details?id=com.ziplab.rorgame

INVEN Gaming Discord Channel: https://discord.gg/vyPHGk6

mm7@mm7

Comet Smash ကစားမှုအခြေအနေ | Ecency