card တွေရတယ်နေ့တိုင်း

Words
88
Reading
1 min
5y
Listen to this post
~1 min

house.jpg
စတင်းမွန်းစတားဂိမ်း နေ့တိုင်းကစားတာပါ အားတဲ့အချိန်တိုင်း ဝင်ကစားတယ်ဗျ
တစ်ရက်ကို နည်းနည်းချင်း ရတာလေးတွေကို စုနေရတယ်ဗျ အများကြီးတော့လိုချင်တယ် ဒါပေမယ့်မဖြစ်နိုင်ဘူး ကိုယ်ရနိုင်တာက အနည်းအကျဉ်းဘဲ ဖြစ်တယ်ဆိုတာ သိနေတော့ လောဘမကြီးတော့ဘူး ရသလောက်ကိုဘဲ နေ့တိုင်း ဝင်ယူနေတယ် တစ်ရက်နည်းနည်းချင်း စုပြီး ကြာလာတော့ များလာမယ်လို့ ယုံကြည်တယ် စာရေးတာနဲ့ ဂိမ်းကစားတာ တစ်လှည့်စီလုပ်နေတာ တစ်ခါတရံ စာရေးတာက ပိုရပြီး တစ်ခါတရံတော့ ဂိမ်းကစားတာက ပိုရတက်တယ်
စာရေးတာလည်း နည်းနည်းရ ဂိမ်းကစားတာလည်း နည်းနည်းရ နှစ်ခုပေါင်းတော့
မဆိုးဘူးဗျာ ကိုယ့်အထွာနဲ့ ကိုယ်ကတော့ အိုကေနေတယ် ဟီးးးးးး

fish.jpg

မနေ့ကလည်း ကဒ်တစ်ခုရတယ် ဒီနေ့လည်း ကဒ်တစ်ခုရတယ် ကံကောင်းတယ် ဒီနှစ်ရက် အခြားနေ့တွေမှာက ဘာလုပ်ရမှန်းမသိတဲ့ ပုလင်းတွေဘဲရတယ် ပုလင်းတွေ က ရောင်းလို့လည်းမရဘူး ဘယ်နေရာသုံးရတာလည်းတော့မသိဘူး
ဘာမှမလုပ်တက်တာနဲ့ ဒီအတိုင်းပစ်ထားလိုက်တယ် ကဒ်တွေကိုတော့ ရောင်းစားလို့ရတယ် အဲ့ဒါတော့ ရောင်းတက်တယ် ကဒ်ကောင်းကောင်းလေးရတဲ့အခါဆို ရောင်းစားမှာပါဘဲ စုမနေဘူး ဈေးက တက်လိုက်ကျလိုက်နဲ့ သိပ်စိတ်မရှည်ဘူး မစောင့်ချင်ပါဘူး ရတဲ့ဈေးနဲ့ ဈေးကွက်ပို့လိုက်တာဘဲဗျ အဲ့သလိုလုပ်တော့ သူများတွေ အများကြီးရချိန် ကိုယ့်မှာ ဘာမှကို မရှိဘူး အခုလည်း ရတဲ့နဲ့ တန်းရောင်းတာဘဲ နောက်လည်း အဲ့သလို ဘဲဖြစ်မှာပါ
ကောင်းတဲ့ကဒ်လေးရအောင် ဆုတောင်းပြီး ကစားနေတယ် ရပါစေ ရပါစေ
mm7@mm7

card တွေရတယ်နေ့တိုင်း | Ecency