ပျက်ပြယ်သွားသော အိပ်မက်အပိုင်းအစများ
ငယ်စဉ်အခါ အရွယ်တုန်းက ခန်းနားကြီးကြယ်သော အိပ်မက်တွေ ကိုယ်စီနှင့် နေ့ရက်တွေသည် အားတက်ရွှန်လန်းဖွယ်
အတိနှင့် ရှိခဲ့ကြပါလေသည်။ ထိုအိပ်မက်တို့သည် အချိန်တွေ လွန်မြောက်လာသောအခါ တဖြည်းဖြည်းနှင့် အရောင်မှိန်လို့
လာပါသည်။ ထို့နောက် ကြမ်းတမ်းသော လောကဓံ မုန်တိုင်းများကြား လွင့်ပြယ်ပျောက်ဆုံး လို့သွားခဲ့ကြရသည်။
ထိုသို့သဘောသည် လူတိုင်း ကိုယ်စီတွင် ရှိနေသော အိပ်မက်ဟောင်းများ သမိုင်း အပိုင်းအစများ အတိတ်များ ဖြစ်ပါလေမည်။
ဖြစ်ချင်တာ တစ်ခု လုပ်နေရတာ တစ်ခုဖြစ်တက်လေသည်။ လုပ်ချင်တာ လုပ်နေရသည် ဆိုသော လူသည်ရှိတော့ရှီလေမည်
အလွန်ရှားပါလိမ့်မည်။ အများအားဖြင့်တော့ ကြုံရာသင့်ရာ အခြေအနေကို လိုက်ပြီး ပြောင်းလဲ လုပ်ကိုင်နေရပါလေသည်။
လူတိုင်းသည် အိပ်မက်ကိုယ်စီ စိတ်ကူးအတွေးကိုယ်စီနှင့် စတင်ခဲ့ကြသူများသာဖြစ်သည်။ ထိုအိပ်မက်တွေ လွင့်ပြယ်ပျောက်ဆုံး
သွားရသောအကြောင်းများသည် တကယ်တော့ အခြားသူများကြောင့် ကိုယ့်အနားက သူများကြောင့် ဟု အပြစ်တင်မည်ဆိုလျှင်
အလွန်မှန်ကန်သည်ဟု ဆိုချင်မိသည်။ သူတစ်ပါးအား လက်ညှီုးထိုးသော ကလေးဆိုးကြီးလို ထင်ချင်ထင်ပါမည်။ တကယ်သေချာ
တွေးလို့ကြည့်မည် မိမိ အတိတ်တွေကို ပြန်လည် ဆန်းစစ်ကြည့်မည်ဆိုလျှင် ထို အဆိုသည် အလွန်မှန်ကန်သော အဆိုဖြစ်သည်
ကို အံ့သြစွာတွေ့ကြရမည် ဖြစ်ပါလေသည်။တကယ်တော့ ထိုသို့ အကြံကောင်း အိပ်မတ်ကောင်းများကို အကောင်အထည်
ဖော်ခဲ့နိုင်မည်ဆိုလျှင် ယနေ့သည် ယခုလိုဘ၀မှ လွတ်မြောက်လို့ နေနိုင်မည်ဟု လည်း မကြာခဏ တွေးနေမိပါမည်။ဒါဟာအမှန်
ဖြစ်ပါလေသည်။
ထိုအိပ်မက်တွေကို ဖျက်စီးခဲ့သော တားဆီးခဲ့သော သူများသည် ရန်သူများဟုထင်စရာရှိပါသည်။ လုံးဝမဟုတ်ပါ ရန်သူများသည်
ထိုအိပ်မက်တွေ ကြီးကြယ်သော အကြောင်းအရာတွေကို နှောက်ယှက်နိုင်လောက်အောင် သင့်အပေါ် မလွှမ်းမိုးနိုင်ပါဘူး
တကယ်တမ်း သင့်အိပ်မက်တွေကို တစစီစုတ်ဖြဲခဲ့သော လူများသည် သင်ချစ်ခင်ရသော သင့်အားချစ်ခင်ကြသော သင့်အနီး
ဆုံးက သူများသာဖြစ်လို့နေလေသည်။ အော် ထူးဆန်းလွန်းလှပါသည်။ စီးပွားရေးတစ်ခု နောင်တစ်ချိန်တွင် အလွန်ကို အကျိုး
များနိုင်မည့် အလုပ်တစ်ခု အိပ်မက်တစ်ခု အားသင်သည် စိတ်ကူးမိသည်ကြံစည်မိလေသည်။ ထိုအိပ်မက်ကို သင်သည် အလွန်
ယုံကြည်ပြီး စိတ်ပါဝင်စားမှုအပြည့်ဖြင့် အားတက်ရွှင်လန်းနေသည်။ ထိုအိပ်မက်ကိုတော့ အကောင်အထည်မဖေါ်နိုင်သေး ။
လူသည် မိမိရဲ့ ပျော်ရွှင်မှု ၀မ်းနည်းမှု ခံစားမှုများကို မြိုသိပ်ထားတက်သော သူများမဟုတ်ပါလေ။ ထိုအခါ သင့်အိပ်မက်တွေ
သင့်အလုပ်တွေအကြောင်းကို သင့်အနီးနား ချစ်ခင်ရသူများအား ရင်ဖွင့်ပြောပြပါလေတော့သည်။
အဲ့ဒီကစပြီး သင့်မှာ အမှားကြီးတစ်ခုကျူးလွန်မိတော့တာဖြစ်သည်။ သင့်ရဲ့အိပ်မက်ကို သင်သည် နားလည်သည် သိသည်။
ထိုအိပ်မက်ကို အကောင်အထည်မဖေါ်နိုင်သေးခင် သင့်ချစ်ခင်ရသူ များအား တိုင်ပင်ဆွေးနွေးလေသောအခါ သင့်ချစ်ခင်
ရသူများသည် သင့်အားချစ်ခင်သောကြောင့် ထို အိပ်မက်တွေရဲ့ ဆိုးကျိုးများ ကျရောက်နိုင်သော အဆင်မပြေခြင်းများကို
သူတို့သည် သင်မတွေးသည့်ဘက်မှတွေးလို့ပေးကြသည်။ ဖြစ်မလာလျှင် ဘယ်လို ဒုတ်ခရောက်ပေမည်။ ဘယ်လို အဆင်မပြေ
ခြင်းတွေကို စီကာစဉ်ပြကြသည်။ သူတို့သည် သင့်အိပ်မက်ကို သင့်လောက်စိတ်ဝင်စားမှု ယုံကြည်မှုမရှီပါလေ။ သင့်တစ်ယောက်
နှင့်အများသည် အမြင်မတူလေသောအခါ သင်သည် လည်း သံသယစိတ်များ ၀င်လာပါတော့သည်။ ထို့နောက် သူတို့ပြောတာ
တွေက ဟုတ်မှာပါ ငါမတွေးမိတာတွေအများကြီးဟု အတွေးဆိုးများဝင်ရောက်ကာ သင်လုပ်မည့်အလုပ်ကို မလုပ်ဖြစ်ပါလေတော့
ထိုအခါ သင်သည် အောင်မြင်မည့်လမ်းကြောင်းမှ လမ်းဘေးသို့ဆင်းကာ သင့်မိတ်ဆွေများနည်းတူ အဆင်ပြေသလို လုပ်ကိုင်
သော နဂိုမူရင်းအလုပ်မှာသာ သောင်တင်နေတော့သည်။
ထိုသို့သော ဆိုးရွားသည့် အတိတ်တွေသည် သင့်မှာဘယ်လောက်များရှိခဲ့လေမည်နည်း ထိုသို့ ပျက်ပြယ်သွားသော အိပ်မက်
အကောင်းစားတွေ ဘယ်လောက်များရှိလေမည်နည်း အသက်ကြီးလာသောအခါ ငယ်စဉ်က မစွန့်စားခဲ့သောအချိန်များကို
နောင်တရကြလေတော့သည်။ တဖြည်းဖြည်းနားလည်လာသည် ဘာမှ မတိုးတက်လာခြင်းသည် အနီးနားက ချစ်ခင်ရသူများ
ရဲ့ အဓိကအကြောင်းအရင်းသာဖြစ်လေသည်။ အနီးနားက ချစ်ခင်ရသူတို့သည်။ ဘ၀တွင် မရှိမဖြစ်လိုအပ်ပါသည်။ ဒါပေမယ့်
သင့်အိပ်မက်တွေ အကောင်အထည်ဖေါ်ရန်အတွက် တော့ ဘာမှမလုပ်ရသေးခင် အလုံးစုံဖွင့်ဟတိုင်ပင်ခြင်းကိုမပြုသင့်ဟု
လွန်ကဲစွာပင် ဆိုလိုက်ချင်ပါတော့သည်။
Author : @mm7
Photos credit; Google Image