ကာတွန်းလေးပါ

mm1(40)
Published in
#artzone
Words
91
Reading
1 min
Listen
Play
8y

ခံစားချက်တွေက တဖြည်းဖြည်းနဲ့ အရောင်ပြောင်းလာခဲ့ပြီလေ ...
Yo သူ့အကြည့်တွေကိုမသိသလိုပဲ
ဟန်ဆောင်ကာ နေခဲ့ရတဲ့အချိန်တွေကကြာ
အခြေအနေနဲ့ အချိန်အခါကိုလိုက်ပြီးတော့
ငါ့မှာလည်းခံစားချက်ကိုမြိုသိပ်နေနေရတာ
ဒီလိုအချိန်ဆိုနင်ရောဘာတွေလုပ်နေမလဲ
ကျောင်းမှာအေးအေးဆေးဆေးနဲ့ခြေငြိမ်နေပါ့မလား
စိတ်ထဲရှိတဲ့စကားတွေလွယ်လွယ်ပြောမထွက်နိုင်ဘူးခဲ့ဆိုတာကလည်း
မိန်းကလေးရဲ့ အိနြေ္ဒအရပါ
အေးတိအေးစက် အူကြောင်ကြောင်နဲ့နင့်ပုံစံက
ငါ့အတွက်တော့ဖြူစင်ပါတယ်
စဉ်းစားရလည်းခက်တယ်
ငါ့ရဲ့လျို့ဝှက်ထားတဲ့ဒီရင်ထဲက
ခံစားချက်တွေကိုဘယ်သူမြင်မှာလဲ
ခံစားချက်မျိုးစုံကိုယူငင်လာတယ်
သူတခြားသူငယ်ချင်းမိန်းကလေးတွေနဲ့အတူယှဉ်ကာတွဲ
ခင်မင်ရင်းနှီးနေတာကိုတောင်
စိတ်တွေပူပန်လာတယ်
ဒီလိုနဲ့မမျော်လင့်ပဲအတွေးထဲသူဝင်လာခဲ့
ငါ့ရင်ထဲတစ်ဆင့်ဆင့်နဲ့ဝင်ရောက်ခဲ့
စိတ်ကူးယဉ်တိုင်းမင်းမင်းပဲငါသိတယ်
ရင်ခုန်ရင်ငါကြားဖူးတဲ့ အချစ်တွေလို
သေချာနေပါတယ်တိတ်တခိုးလေးနဲ့ချစ်နေလို့
ပုံမှန်မင်းအကြောင်းများလည်းငါနားစွင့်
ဒီမှာရှုပ်ယှက်ခက်ဘယ်လိုအခြေအနေမင်းမသိနိုင်
ohhh ... မရူးချင်ပါ
အမှန်တကယ်ငါတော့မရူးချင်တော့ဘူး
သူငယ်ချင်းရယ် ရူးတယ်
မင်းကိုပဲ ချစ်တယ်...
နောက်တစ်ခေါက်သူနဲ့အကြည့်တွေဆုံခဲ့
ရင်ထဲရှိတဲ့စကားတွေဖွင့်ပြောချင်တဲ့ပုံပဲ
ဘာမှမဖြစ်သလိုမျိုးဟန်ဆောင်နေပေမယ့်လည်း
ခြေဖျားလက်ဖျားတွေပါတုန်ခဲ့ရင်တွေခုန်ခဲ့
ဒီလိုအချိန် တစ်လောကလုံးမှာ
စိတ်အလှုပ်ရှားဆုံးလူကငါလို့ပြောရင်ရောဘယ်သူယုံမလဲ
ချစ်သူစုံတွဲဘဝကိုမရောက်နိုင်သေးတော့
ငါ့မှာနင့်ကိုတိုးတိုးလေးသာမျှော်လင့်ရင်းနဲ့ချစ်နေရုံပဲ
တကယ်ကိုနင်နဲ့ငါကဘာမှမသက်ဆိုင်
စိတ်တွေငြိမ်လာအောင်တရားလည်းမမှတ်နိုင်
အမှတ်တမဲ့နဲ့ဆုံတဲ့အကြည့်တွေကလည်းဆက်တိုက်
သတိလည်းရနေတတ်ပြီမတွေ့ရတဲ့ရက်တိုင်း
နှလုံးသားကစကားကိုကြားနေရပြီ
အခြေအနေပေးမယ်ဆိုရင်စကားတွေအများကြီး
အပြန်အလှန်ပြောဆိုပြီးတော့ဘဝနေ့များဆီ
ရှေ့ဆက်ရမဲ့အနာဂတ်တွေကလှနေပါပြီ...
ငါ့ရင်ထဲတစ်ဆင့်ဆင့်နဲ့ဝင်ရောက်ခဲ့
စိတ်ကူးယဉ်တိုင်းမင်းမင်းပဲငါသိတယ်
ရင်ခုန်ရင်ငါကြားဖူးတဲ့ အချစ်တွေလို
သေချာနေပါတယ်တိတ်တခိုးလေးနဲ့ချစ်နေလို့
ပုံမှန်မင်းအကြောင်းများလည်းငါနားစွင့်
ဒီမှာရှုပ်ယှက်ခက်ဘယ်လိုအခြေအနေမင်းမသိနိုင်
ohhh ... မရူးချင်ပါ
အမှန်တကယ်ငါတော့မရူးချင်တော့ဘူး
သူငယ်ချင်းရယ် မင်းကို
မင်းကိုပဲ ရူးတယ်...
အချိန်ရှိတိုင်းအတူနေမယ်
သူငယ်ချင်းရဲ့နားမှာ...
အချိန်ရှိတိုင်းမြင်ချင်ခဲ့
သူငယ်ချင်းမျက်ဝန်းတွေ...
အချိန်ရှိတိုင်းလိုချင်ခဲ့
သူငယ်ချင်းရဲ့အချစ်တွေ...
အချိန်ရှိတိုင်းမျှော်နေခဲ့
သူငယ်ချင်းရဲ့အချစ်တွေ...
ငါ့ရင်ထဲတစ်ဆင့်ဆင့်နဲ့ဝင်ရောက်ခဲ့
စိတ်ကူးယဉ်တိုင်းမင်းမင်းပဲငါသိတယ်
ရင်ခုန်ရင်ငါကြားဖူးတဲ့ အချစ်တွေလို
သေချာနေပါတယ်တိတ်တခိုးလေးနဲ့ချစ်နေလို့
ပုံမှန်မင်းအကြောင်းများလည်းငါနားစွင့်
ဒီမှာရှုပ်ယှက်ခက်ဘယ်လိုအခြေအနေမင်းမသိနိုင်
ohhh ... image

ကာတွန်းလေးပါ | Ecency